တေးရေး၊ အဆိုတော် လင်းလင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို
မန္တလေးမြို့တွင်ကျင်းပရန် ခွင့်ပြုချက် မရရှိသဖြင့် နိုဝင်ဘာ ၁၀ ရက်တွင်
ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း လင်းလင်းက ပြောကြားခဲ့သည်။
အဆိုတော်လင်းလင်းသည် ရန်ကုန်ဖျော်ဖြေပွဲအပြီးတွင် မန္တလေးမြို့တွင်
ကျင်းပရန် ယခင်က စီစဉ်ထားခဲ့သော်လည်း လတ်တလောဖြစ်ပွားသည့် အခြေအနေများနှင့်
၎င်းပွဲ မတိုင်မီ ဖြစ်ပွားခဲ့သည့် ဖျော်ဖြေပွဲအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့သည့်
အကြောင်းအရာများကြောင့် ပွဲကျင်းပခွင့် မရရှိခဲ့ခြင်းဖြစ်သည်။
လင်းလင်းက “အစက နိုဝင်ဘာ ၁၀ ရက်မှာ မန္တလေးမှာ လုပ်မလို့ စီစဉ်ထားတာ။
ဒါပေမဲ့ ရှေ့က ရှိုးပွဲမှာ ခိုက်ရန်ဖြစ်တာ၊ ထိခိုက်မိတာ တော်တော်ဆိုးတယ်လို့
ပြောတယ်။ အဲဒါကြောင့် ပွဲပါမစ်ကိုပိတ်တာတော့ မဟုတ်ဘူး။
နောက်ရွှေ့မယ်ပြောတယ်။အဲဒါမို့ မန္တလေးအစားကို ပြင်ဦးလွင်မှာ လုပ်လိုက်တယ်။
မန္တလေးကတော့ ပါမစ်ရရချင်းမှာ လုပ်မယ်။ ပြီးရင် တောင်ကြီးမှာလုပ်မယ်။ Tour
ပုံစံမျိုးလုပ်ဖို့ စဉ်းစားထားပါတယ်” ဟု ပြောပြသည်။
၎င်းဖျော်ဖြေပွဲကို DVD အဖြစ် ရိုက်ကူးပြီး ခြောက်လအကြာတွင်
ဖြန့်ချိမည်ဖြစ်ပြီး ရရှိသည့်ငွေကို လူကုန်ကူးခံရပြီး ဒုက္ခရောက်နေသည့်
မြန်မာနိုင်ငံသားများကို လှူဒါန်းမည်ဖြစ်သည်။
Mizzima - News in Burmese
လင်းလင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေး၌ ကျင်းပရန် ခွင့်မပြုခဲ့
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin