လေးနှစ်အရွယ် ကလေးငယ်အား အဓမ္မကြံသူကို အမှုဖွင့်

လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား တစ်လမ်းတည်းနေ အသက် ၂၁ နှစ် အရွယ် အမျိုးသားတစ်ဦးက မုဒိမ်းမှုကျူးလွန်ရန် ကြံစည်ခဲ့သဖြင့် ကလေးငယ်၏မိခင်က ပြည်မြို့မရဲစခန်းသို့ လာရောက်အမှုဖွင့်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ လေးနှစ်အရွယ် ကလေးမလေးသည် တစ်လမ်းတည်းနေ တစ်အိမ်ကျော်သို့ သွားရောက်ဆော့ကစားလေ့ရှိကြောင်း၊ ယင်းအိမ်သို့ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၁ နာရီခန့်တွင် သွားရောက်ဆော့ကစားပြီး ပြန်လာခဲ့ကြောင်း၊ ယင်းနေ့ညနေတွင် မိခင်ဖြစ်သူက ရေချိုးပေးစဉ် ကလေးငယ်၏ မိန်းမကိုယ်မှ စပ်သည်ဟုဆိုကြောင်း၊ မိခင်ဖြစ်သူက မေးမြန်းကြည့်ရာ တစ်အိမ်ကျော်ရှိနေအိမ်သို့ သွားရောက်ဆော့ကစားပြီး ဗီဒီယိုကြည့်နေစဉ် ထိုအိမ်ရှိ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးက မိန်းမကိုယ်အားလက်ဖြင့်ထိုးခဲ့သည်ဟု ပြောကြောင်း သိရသဖြင့် မဖွယ်မရာပြုကျင့်မှုကြောင့် အမှုလာရောက်ဖွင့်ခဲ့ကြောင်း ပြည်မြို့မရဲစခန်းမှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မုဒိမ်းမှုကျူးလွန်ရန်ကြံစည်မှုဖြင့် ပြည်မြို့၊ န၀င်းနယ်မြေ၊ ပြည်တော်သာရပ်ကွက်ရှိ မောင်ကျော်ကျော်ဆွေအား ပြည်မြို့မရဲစခန်းမှ ဖမ်းဆီးကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

7Day Daily


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ