ညီအစ်ကိုများကြား အားပြိုင်မှုကို ခရစ်ဟမ်းဆွော့သ်ဖွင့်ဟ

Thor စတား မင်းသားတွင် လီယမ်ဟမ်းဆွော့သ်နှင့် လုခ်ဟမ်းဆွော့သ်ဆိုသည့် ညီအစ်ကို နှစ်ဦးရှိပြီး ငယ်ဘဝကတည်းက တစ်ဦးနှင့်တစ်ဦး အရာရာ ပြိုင်ဆိုင်လေ့ရှိကြောင်း သိရသည်။

ညီအစ်ကိုများကြား အားပြိုင်မှုကို ခရစ်ဟမ်းဆွော့သ်ဖွင့်ဟ
မိမိတို့ ညီအစ်ကိုများသည် အလွန် ပြိုင်ဆိုင်လေ့ရှိကြောင်း ခရစ်ဟမ်းဆွော့သ်က ဖွင့်ဟ ပြောကြားခဲ့သည်။ Thor စတား မင်းသားတွင် လီယမ်ဟမ်းဆွော့သ်နှင့် လုခ်ဟမ်းဆွော့သ်ဆိုသည့် ညီအစ်ကို နှစ်ဦးရှိပြီး ငယ်ဘဝကတည်းက တစ်ဦးနှင့်တစ်ဦး အရာရာ ပြိုင်ဆိုင်လေ့ရှိကြောင်း သိရသည်။ ၎င်းတို့သည် ကားမောင်းပြိုင်ပြီး မည်သူက အတော်ဆုံးဖြစ်ကြောင်း အကဲစမ်းကြသလို မင်းသားများ အသီးသီး ဖြစ်လာချိန်တွင်လည်း လီယမ်နှင့် ခရစ်တို့၏ အားပြိုင်မှုများ ဆက်ရှိနေဆဲဟု ဆိုသည်။ လီယမ်သည် Hunger Games ဇာတ်ကားနှင့်အတူ နာမည်ရ လူငယ် တက်သစ်စ မင်းသားတစ်လက် ဖြစ်လာခဲ့သည်။

Thor ဒုတိယ ဇာတ်ကားဖြစ်သည့် The Dark Worldတွင် ပါဝင်ထားသည့် ခရစ်က "ကျွန်တော်တို့ ညီအစ်ကိုတွေက အကုန်လုံး ပြိုင်ဆိုင်နေတာပါပဲ။ ပြောရရင် Thor ဇာတ်ကားထဲမှာ Thorနဲ့ Lokiတို့ ညီအစ်ကိုနှစ်ယောက် မတည့်ဘဲ ပြိုင်နေသလိုပဲ။ အိမ်နောက်ဘက်မှာ ခရစ်ကက် ကစားရင်၊ ဘောလုံးကစားရင် အကြိတ်အနယ် ပြိုင်နေကြတယ်။ TVကြည့်ရင်တောင် ရီမုကွန်ထရိုးလ်ကို အပြိုင်လုနေကြတာပါ။ ညီအစ်ကိုတွေကြားမှာ ရှိတတ်တဲ့ အချစ်နဲ့ အမုန်းကို ခင်ဗျားတို့ နားလည်လိမ့်မယ် ထင်ပါတယ်။ ကျွန်တော်တို့ မချစ်ကြတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ယောက် လုပ်သမျှ တစ်ယောက်က စိတ်ဆိုးပြီး ပြဿနာ ရှာနေတတ်တာပါပဲ"ဟု ဖွင့်ဟခဲ့သည်။

Lokiအဖြစ် သရုပ်ဆောင်သည့် တွမ်ဟစ်ဒယ်လ်စတန်ကလည်း "ကျွန်တော် ခရစ်ရယ်၊ လီယမ်ရယ်နဲ့ အတူတူ ခရီးသွားဖူးတယ်။ သူတို့ညီအစ်ကိုက တကယ့်ကို Thorနဲ့ Lokiပါပဲ"ဟု ရယ်ရယ်မောမော ဆိုသည်။ ခရစ်သည် အသက်(၃၀)အရွယ် ရှိနေပြီး လီယမ်က ၎င်းထက် (၇)နှစ်ငယ်သည်။ အကြီးဆုံးဖြစ်သည့် လုခ်မှာမူ အသက်(၃၂)နှစ် ရှိနေပြီး ညီအစ်ကို (၃)ဦးထဲတွင် အအေးဆုံးဟု သိရသည်။ တွမ်က "တစ်ခါတစ်လေ လုခ်က သူတို့ ညီအစ်ကို နှစ်ယောက်လုံးကို ခေါင်းခေါက်ပြီး ပါးစပ် ပိတ်ထားဖို့ အော်တတ်တယ်။ ပြီးရင် ထွက်သွားတာပါပဲ"ဟု ဆိုသည်။ ခရစ်ကလည်း "သူက အစ်ကိုကြီးမို့လို့ အရာရာ ခြယ်လှယ်ချင်နေတာနဲ့ တူပါတယ်"ဟု အရွှမ်းဖောက်သွားခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ