အာဂျင်တီးနား လူငယ်ကစားသမားလေး အတွက် လီဗာပူး၊ မန်စီးတီး၊ ရီးယဲလ် နှင့် ဂျူဗင်တပ်တို့ ထိပ်တိုက်တွေ့နေ

အာဂျင်တီးနား ကလပ် ရေးဆင်းမှ အသက် ၁၉ နှစ်အရွယ် လူငယ် ကစားသမားလေး လူစီယာ နို ဗီယက်တိုကို ခေါ်ယူနိ...ုင်ရေး အတွက် ဥရောပ ထိပ်သီးကလပ် များဖြစ်သော လီဗာပူး၊ မန်ချက် စတာစီးတီး၊ ရီးယဲလ် မက်ဒရစ်နှင့် ဂျူဗင်တပ် တို့ အပြိုင် အဆိုင် ဖြစ်နေကြသည်ဟု သိရသည်။

အာဂျင်တီးနား၏ အလားအလာ အကောင်းဆုံး လူငယ်တိုက်စစ်မှူး၏ တိုးတက်လာမှုအား ထိပ်သီး ကလပ်များက မျက်ခြည်မပြတ် စောင့် ကြည့်ခဲ့ ကြပြီး ယခုအခါ အမိအရ ခေါ်ယူနိုင်ရေး အတွက် အပြိုင်အဆိုင် ကမ်းလှမ်းထားကြသည် ဟု အေးဂျင့် ဖြစ်သူက ပြောသည်။

”ဗီယက်တိုဟာ အကောင်းဆုံး အာဂျင်တီးနားလူငယ်ကစားသမားပါ။ ဥရောပထိပ်သီးက လပ်တွေ ဆီကနေ ကမ်းလှမ်းမှုတွေ အများကြီး ရထားပါတယ်” ဟု အေးဂျင့် ဖြစ်သူ ဂျော့ခ်ျဆိုက် တာဇက်ပလက်တာက ပြောသည်။

အသက် ၁၉ နှစ် အရွယ် တိုက်စစ် မှူးသည် အင်္ဂလန် ကလပ် များထက် အာဂျင်တီးနား ကစား ပုံနှင့် ဆင်တူသော စပိန်ကလပ် များကိုသာ ရွေး ချယ် သွားလိမ့်မည်ဟု ယူဆ ရကြောင်း ဒေးလီး မေးက ဖော်ပြထားသည်။

KYL
Ref: Daily Mail

Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ