မော်ဒယ်လ်ဘဝသည် ခက်ခဲကြမ်းတမ်းလွန်းကြောင်း မီရန်ဒါကားရ်ဖွင့်ဟ

အသက်(၃၀)အရွယ် မီရန်ဒါက Cosmopolitan မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် မော်ဒယ်လ်လုပ်ငန်း၏ ဖိအားများလွန်းသော ဖြတ်သန်းမှု အချို့ကို ရင်ဖွင့် ပြောဆိုခဲ့သည်။

မိမိ တွေ့ကြုံသိရှိဖူးသမျှ လူပုဂ္ဂိုလ် အားလုံးတွင် မော်ဒယ်လ်များ၏ ဘဝသည် လုံခြုံမှု အကင်းမဲ့ဆုံးဟု မီရန်ဒါကားရ်က ဖွင့်ဟ ပြောကြားလိုက်သည်။ ဩစတြေးလျသူ မီရန်ဒါသည် ယခုအခါ ကမ္ဘာပေါ်တွင် ဒုတိယမြောက် ဝင်ငွေအမြင့်မားဆုံး စူပါမော်ဒယ်လ်အဖြစ် ရပ်တည်နေသလို ခင်ပွန်းသည် အော်လန်ဒိုဘလွမ်းနှင့် (၂)နှစ်အရွယ် သားငယ် ဖလင်းတို့နှင့်အတူ သာယာသော မိသားစုလေး တစ်ခုကိုလည်း ထူထောင်ထားနိုင်ခဲ့သည်။ သို့သော်လည်း အသက်(၃၀)အရွယ် မီရန်ဒါက Cosmopolitan မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် မော်ဒယ်လ်လုပ်ငန်း၏ ဖိအားများလွန်းသော ဖြတ်သန်းမှု အချို့ကို ရင်ဖွင့် ပြောဆိုခဲ့သည်။ အတိတ်က သူမအနေဖြင့် မိမိကိုယ်ကိုယ် တည်ငြိမ်မှု ရှာဖွေရန်နှင့် ပုဂ္ဂိုလ်ရေး ဘဝတို့ကြား ခက်ခဲစွာ ရုန်းကန်ခဲ့ရကြောင်းလည်း မီရန်ဒါက ဝန်ခံခဲ့သည်။

"တကယ်တော့ မော်ဒယ်လ်တွေဆိုတာ ကျွန်မ တွေ့မြင်ဖူးသမျှ ဘဝလုံခြုံမှု အကင်းမဲ့ဆုံး လူတန်းစားတွေပါ။ မော်ဒယ်လ်တွေ အမြဲတမ်း ကြုံတွေ့နေရတဲ့ ဝေဖန်မှုက ကိုယ်ဟာ အရည်အသွေး လုံးဝမမီဘူးဆိုတဲ့ စကားလုံးတွေပါပဲ။ ခက်ခဲတဲ့ အခြေအနေတွေမှာ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းတတ်အောင် လေ့ကျင့်ယူရပါတယ်"ဟု မီရန်ဒါက ဆိုသည်။ မီရန်ဒါသည် အသက်(၁၃)နှစ် အရွယ်တွင် မော် ဒယ်လ်ဘဝကို အစပြုခဲ့သူ ဖြစ်သည်။ "ပထမဆုံး နေ့ရက်တွေ မှာ ကျွန်မကို အေဂျင်စီတိုင်းက ငြင်းလွှတ်တယ်။ စံသတ်မှတ်ချက် မပြည့်မီဘူးလို့ ပစ်ပစ်ခါခါ အပြောအဆို ခံခဲ့ရပါတယ်"ဟုလည်း မီရန်ဒါက ဆိုသည်။ သို့သော်လည်း ပရော်ဖက်ရှင်နယ် မော်ဒယ်လ်ဘဝတွင် (၁၇)နှစ်ကြာ ဖြတ်သန်းပြီးနောက်တွင်မူ တည်ငြိမ်မှု ရရှိနေပြီဟုလည်း သူမက မှတ်ချက်ပြုခဲ့သည်။

Victoria's Secret၏ အလှမယ် တစ်ဦးဖြစ်သော မီရန်ဒါက "ခုလောလော ဆယ် ကျွန်မရဲ့ ဘဝက ဘယ်တုန်းကနဲ့မှ မတူတဲ့ တည်ငြိမ်မှုကို ရလာခဲ့ပါပြီ။ ဒီအခြေအနေမှာ အတိတ်ကို ပြန်ငဲ့ကြည့်တိုင်း ကျွန်မ ကျော်လွှားခဲ့ရ တာတွေကို မြင်ယောင်ပြီး အံ့ဩသလို ဖြစ်မိတယ်"ဟုလည်း ဖွင့်ဟခဲ့သည်။ သူမက မော်ဒယ်လ်ဘဝတွင် မိသားစုကို အချိန်မပေးနိုင်ခြင်းကိုလည်း စိတ်မကောင်းကြောင်း ပြောကြားခဲ့သေးသည်။ "သားလေးဖလင်းက အမြဲပြောတယ်။ မေမေက အလုပ်လုပ်တယ်၊ ဖေဖေက ရုပ်ရှင်ရိုက်တယ်တဲ့။ သူ့စကားကြားတိုင်း ကျွန်မ စိတ်ထဲမှာ ခံစားမှု တစ်ခုခု ဖြစ်သွားတတ် တယ်"ဟု လည်း မီရန်ဒါက ဝန်ခံခဲ့သည်။

မီရန်ဒါက မော်ဒယ်လ်ဘဝတွင် ဖြတ်သန်းမှု၌ သူမ၏ ကိုယ်ပိုင်ခံယူချက်ကို ထုတ်ဖော် ပြောဆိုခဲ့ရာ "ကျွန်မ စဉ်းစားလေ့ ရှိတာတော့ ပြဿနာ ဘယ်လောက်ကြီးကြီး ဖြေရှင်းမှုကတော့ ရှိလိမ့်မယ် ဆိုတဲ့ ရိုးရိုးရှင်းရှင်း နည်းလမ်းလေးပါပဲ"ဟု မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ