KTV ဆိုင်တွင် လူသတ်မှုဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၎

၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music KTV ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ KTV ဆိုင်၏အခန်းအမှတ် V-2 ၌ သားဖြစ်သူ မောင်ဇော်မှာ ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို လည်းကောင်း၊ အခန်းအမှတ် V-9 တွင် တစ်ရပ်ကွက်တည်းနေ ကိုသူ ၊ (ဘ)ဦးညွန့်ဝင်းမှာ ဓါးဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း (ပ) ၁၂၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေး  ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖေါ်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် တိုင်း/ခရိုင်မှ တပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  - ရဲဇာနည်  ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါသည်။

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ