အကြွေးတောင်းရာမှ တုတ်ဖြင့်ရိုက်၍ လူသေဆုံး

ကြွေးတောင်းရာမှ စကားများရန်ဖြစ်ကာ တုတ်ဖြင့် ရိုက်လိုက်သောကြောင့် အမျိုးသားတစ်ဦး ဆေးရုံတွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက် ရထားသံလမ်းပေါ်တွင် အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီခန့်က လူတစ်ဦး ဒဏ်ရာများဖြင့်လဲကျနေသဖြင့် စုံစမ်းခဲ့ရာ အကြွေးတောင်းရာမှ စကားများရန်ဖြစ်ပြီး တုတ်ဖြင့် ရိုက်လိုက်ဖြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသူကို ဦးခေါင်းတွင် ဒဏ်ရာရရှိကာ သတိမေ့လဲကျသွားသောကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေစဉ် ည ၈နာရီခွဲ၌ သေဆုံးသွားကြောင်း သတင်းရရှိသည်။

““ငွေရေးကြေးရေးကိစ္စကြောင့် အကြွေးတောင်းရာက စကားများရန်ဖြစ်ကြတယ်။ အဲဒါနဲ့ ဒေါသအလျောက် စိတ်မထိန်းနိုင်ဘဲ တုတ်နဲ့ရိုက်လိုက်တာလို့ တရားခံကပြောတယ်””ဟု တာဝန်ကျရဲအရာရှိ တစ်ဦးကပြောသည်။ ထို့ကြောင့်သေဆုံးသူကိုမြစိန်၏အဒေါ်က တရားလိုအဖြစ် ရဲစခန်းသို့ တိုင်ကြားလာသောကြောင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်ကာ ဒုတိယရဲမှူးကိုယ်တိုင် တုတ်ဖြင့်ရိုက်သူကို ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

7Day Daily


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ