အသက် (၇)နှစ်အရွယ် ကလေးငယ်အား အဓမ္မကျင့်သူအဘိုးအိုတစ်ဦးကို အမှုဖွင့်

နေအိမ်တွင် မွေးနေ့ပွဲပြုလုပ်မည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားသည့်အဘိုးအိုက အသက် (၇)နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်အတွင်း နေထိုင်သူ အသက် (၇)နှစ်အရွယ် မိန်းကလေးကို အောက်တိုဘာ ၈ ရက် နံနက် ၇နာ ရီတွင် အိမ်နီးနားချင်းဖြစ်ပြီး ခင်မင်နေသူ အသက် (၆၈) နှစ်အရွယ် ဦးမောင်မောင်စိန်က မွေးနေ့ပြုလုပ်မည်ဟုပြောဆိုကာ မိခင်ထံမှ ၎င်း၏နေအိမ်သို့ တစ်နေကုန်ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ကလေးငယ်ခေါ်သွားပြီး နေအိမ်မီးဖိုချောင်အတွင်း သားမယားပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။ ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနောက် ၎င်းက ည ၁၀ နာရီတွင် နေအိမ်သို့ ပြန်ပို့ခဲ့သည်ဟုဆိုသည်။

ကလေးငယ်၏ မိခင်ဖြစ်သူမှာ ဈေးရောင်းပြီး နေအိမ်သို့ ည ၁၁နာရီအချိန် ပြန်ရောက်လာသည့်အခါ ကလေးမှာ ခဏခ ခဏငိုနေခဲ့သည်။ အောက်တိုဘာ ၉ရက်တွင် ကလေးငယ်က နာနေကြောင်းပြောပြ၍ ဒဏ်ရာများတွေ့ရှိပြီး ဖြစ်စဉ်ကို မေးမြန်းသိရှိခဲ့ရသည်ဆိုသည်။

““တရားခံကို ရမန်ယူထားပြီး ချုပ်ထားတုန်းပဲရှိသေးတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အရင်ကတည်းက အိမ်နီးချင်းဆိုတော့ ခင်တော့ အ၀င်အထွက်ရှိတယ်။ အဓမ္မပြုကျင့်တဲ့အချိန်မှာတော့ အဲဒီအိမ်မှာ ဘယ်သူမှမရှိပါ ဘူး””ဟု ကမာရွတ်မြို့နယ်၊ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် ကလေးမိခင်က ကလေးငယ်အားအဓမ္မပြုကျင့်မှုဖြင့် ဦးမောင်မောင်စိန်ကို ပြစ်မှုဆိုင်ရာပုဒ်မ ၃၇၆အရ မုဒိမ်းမှုဖြင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထား၍ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

7Day Daily


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ