မသန်စွမ်းဇာတ်ရုပ်မျိုး သရုပ်ဆောင်လိုတဲ့ စံရတီမိုးမြင့်

ဓာတ်ပုံ - နစ်ကီ

ပရိသတ်များကြိုက်မည့် ဇာတ်ကားများ ရွေးချယ်ရိုက်ကူးဖြစ်နေပြီး မျက်စိမမြင်၊ နားမကြားသည့် ကာရိုက်တာပုံစံမျိုးလည်း ရိုက်ကြည့်ချင်ကြောင်း စံရတီမိုးမြင့်က ပြောသည်။

““ကာရိုက်တာတစ်ခုတည်းပဲ ကွက်တိလုပ်တာမျိုးမဟုတ်ဘဲ နဲ့ မျက်စိမမြင်တဲ့သူ၊ နားမကြားတဲ့သူ အဲဒီလိုမျိုး မရိုက်ဖူးတော့ ရိုက်ကြည့်ချင်တယ်”” ဟု စံရတီမိုးမြင့်က ပြောသည်။
ကာရိုက်တာ ထူးထူးခြားခြားအနေဖြင့် ပဲခူးရိုးမတွင် သွားရောက်ရိုက်ကူးခဲ့သော တာဇံမလေး ဇာတ်ကားတွင် ငယ်စဉ်ကတည်းက တောထဲတွင် ရောက်နေသည့် ဇာတ်ကောင်စရိုက်ဖြင့် သရုပ်ဆောင်ထားပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်ထားကြောင်း ၎င်းကပြောသည်။
““လိုအပ်ချက်တွေတော့ ရှိမှာပါ။ တာဇံပုံစံမျိုးလည်း ရိုက်ရတယ်။ ပြီးတော့ တောတွင်းမှာဆိုတော့  တစ်ခါတလေ သိပ်မပီပြင်တာမျိုးလည်းရှိတယ်”” ဟု ယင်းဇာတ်ကားနှင့်ပတ်သက်၍ ၎င်းကဆိုသည်။ ယင်းကဲ့သို့ ရိုက်ကူးနေကျမဟုတ်သည့်ဇာတ်လမ်းများ ရိုက်ကူးဖြစ်သလို ပရိသတ်မရိုးမည့်ဇာတ်ရုပ်မျိုးဖြင့် ဇာတ်ကားများ ရွေးချယ်ရိုက်ကူးထားကြောင်း စံရတီမိုးမြင့်က ပြောသည်။
ယခုရက်တွင် ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်ကူးမည့် ဇာတ်ကားတွင် ခန့်စည်သူ၏ တူမတစ်ယောက်အဖြစ် ဟာသပုံစံ သရုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
““ဟာသပုံစံလေးပါ။ ကိုခန့်ရယ်၊ ယုသန္တာတင်ရယ်၊ မေရယ် ပါမယ်။ ညီအစ်မသုံးယောက် အရမ်းဆိုးတယ်။ အဲဒါကို ဦးလေးလူပျိုကြီးက ထိန်းတာပေါ့”” ဟု ယင်းဇာတ်ကားနှင့် ပတ်သက်၍ စံရတီမိုးမြင့်က ပြောသည်။
အဆိုတော်သူငယ်ချင်းများ၏ဘ၀မှာ ပရိသတ်နှင့် တိုက်ရိုက်ထိတွေ့ခွင့်ရသောကြောင့် ၎င်းတို့ကိုကြည့်ကာ ပျော်ရွှင်ရသော်လည်း ကိုယ်တိုင်သီချင်းသီဆိုရန် အစီအစဉ်မရှိကြောင်း ၎င်းကဆိုသည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ