အနုပညာအလုပ်တွေ ရပ်တန့်တော့မယ့်အကြောင်း ရဲရင့်ပြတ်သားစွာ ဖွင့်ဟလာတဲ့ မြနှင်းရည်လွင်

        အကယ်ဒမီဗန်းကိုင်မှတစ်ဆင့် အနုပညာလောကထဲကို ချင်းနင်းဝင်ရောက်လာတဲ့ မြနှင်းရည်လွင်တစ်ယောက် ၂၀၁၄ January မှစလို့ အနုပညာအလုပ်ကို ရပ်တန့်တော့မယ်လို့ဆိုလာတာကြောင့် ““မြနှင်းနဲ့ ဒီအလုပ်နဲ့က အခုချိန်မှာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။ ဒီ အလုပ်ကို ရပ်ပြီး အေးချမ်းတဲ့ စီးပွားရေးအလုပ်ကိုပဲ ပြောင်းလုပ်တော့မယ်။ ဖြစ်ပွားနေတဲ့ လက်ရှိအနုပညာနဲ့ အပြင်လောကက မြနှင်းစိတ် နဲ့ သိပ်အဆင်မပြေဘူး။ ပြီးတော့ မြနှင်းက စိတ်မပါရင် ဘာမှ မလုပ်ချင်ဘူး။ ဒီအလုပ်ကို လုပ်တယ်ဆိုတာ ၀ါသနာကြီးလွန်းလို့ အိမ်က ဖေဖေနဲ့တောင် အတိုက်အခံလုပ်ပြီး ဇွတ်လုပ်ခဲ့တာ။ ကိုယ်ရင်းပြီး ကြိုးစားခဲ့ရတဲ့အချိန်နဲ့ အခုချိန် Facebook Wall ပေါ်မှာတင်ထားတဲ့ မြနှင်းအကြောင်းတွေက တော်တော့်ကို စိတ်ပျက်ဖို့ ကောင်းတယ်။ လူတွေက လူတစ်ယောက်ရဲ့အကြောင်းကို သေသေချာချာ ဂဃနဏ မသိဘဲနဲ့ အရမ်းစော်ကားကြတယ်။ လူကိုနာမည် မပျက်ပျက်အောင် ဖျက်နေကြသလိုပဲ။ မြနှင်း 8 Day ဂျာနယ်အတွက် Cover ရိုက်ရင်းနဲ့ ရင်ဘတ်လေး နည်းနည်းဟိုက်သွားတယ်။ ဒီ လောကထဲမှာ မြနှင်းထက် ဆိုးတဲ့လူတွေ တစ်ပုံကြီးရှိပါတယ်။ ၀တ်ပုံ၊ စားပုံကအစ မော်ဒယ် ငယ်ငယ်လေးတွေ လှလည်းလှကြပါတယ်။ ဒါပေမဲ့ Myawady New ဆိုတဲ့ နိုင်ငံရေး Website မှာ “ဇစ်ပြုတ် မြနှင်းရဲလွင်”ဆိုပြီး မြနှင်းပုံအောက်မှာ ရေးထားတယ်။ မြနှင်းတောင် သေချာမသိပါဘူး။ သူငယ်ချင်းတွေ Share ပေးလို့ သိတာပါ။ အောက်မှာ Comment တွေ ပေးထားတာလဲ ဆဲဆိုထားတာတွေချည်းပဲ။ အဲဒီတော့ မြနှင်း ဖေဖေက ဆူတာပေါ့။ ဒေါသတွေလည်း ထွက်တယ်။ Comment မှာ ပြောဆိုထားတာ ရစရာမရှိဘူး။ မေမေဆို မျက်ရည်ကျပြီးတောင် ငိုတယ်။ မြနှင်း ကိုယ်တိုင်က ပျက်စီးနေတဲ့ မိသားစုက လာတာမဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် အေးအေးချမ်းချမ်း နဲ့နေတာပါ။ အခုဟာက ကိုယ့်ထမင်းကိုယ်စားပြီး သူများဆဲတာဆိုတာ မခံချင်တော့ဘူး။ အဲဒါကြောင့်မို့  မြနှင်းလက်ခံထားတဲ့ အနုပညာ အလုပ်တွေကို ၂၀၁၃ December အထိပဲ ဆက်လုပ်မယ်။ ၂၀၁၄ January ကစပြီး နားတော့မယ်။ လက်ကျန်လေးတွေပဲ ဖျက်ပေးတော့မယ်။ အကုန်ပြီးသွားပြီဆိုရင်တော့ ဆက်မလုပ်တော့ဘူး။ အခုရေးထားတာက ဘယ်သူမှန်းမသိတော့ စုံစမ်းနေတုန်းပါပဲ။ အတိအကျသိရရင်တော့ အသရေဖျက်မှုနဲ့ တရားစွဲဖို့ စီစဉ်ထားပါတယ်။ မြနှင်းပြောချင်တာတစ်ခုက ရေးတဲ့သူမှာ မောင်နှမ မရှိဘူးဆိုရင်တောင် အမေကတော့ မွေးခဲ့တာပဲလေ။ အဲဒါလေးကို စာနာထောက်ထားပြီး နားလည်ပါလို့ပဲ ပြောချင်ပါတယ်။ 8 Day Jouranl နဲ့လည်း ညှိနှိုင်းဆွေးနွေးပြီးပါပြီ။ အဆင်လည်း ပြေပါတယ်။ မြနှင်း နဂိုကတည်းက ဟော့ဟော့ရမ်းရမ်းကြီး မဟုတ်ဘူးဆိုတာ ပရိသတ်တွေလည်း သိမှာပါ””လို့ ပြောပြသွားပါတယ်။ သူမနဲ့ပတ်သက်လို့ နောက်ထပ် ထူးခြားဖြစ်စဉ်ကတော့ ““၂၀၁၄ ထဲမှာ မြနှင်း မင်္ဂလာ သတင်းရှိပါတယ်။ ဖေဖေနဲ့ မေမေကလည်း သဘောတူတယ်။ မြနှင်း ချစ်သူနာမည်ကတော့ ကိုမျိုးသွင်ပါ။ မြနှင်းတို့ ခင်တာ (၁)နှစ်၊ (၂)နှစ်လောက်ရှိပြီ။ ၂၀၁၃ January မှာ ပြန်ဆုံပြီး တတွဲတွဲသွားကြတယ်။ လာကြတယ်။ သူက လတိုင်း (၁၄) ရက်နေ့မှာ ပန်းစည်းတွေ ပို့တယ်။ သင်္ကြန်မှာ ချစ်ရေးဆိုပြီး မြနှင်း အမေရိကားမှာနေတဲ့ အစ်မဆီ သွားလည်ရင်းနဲ့ ဟိုကနေ အဖြေပေးလိုက်တာပေါ့။ သူက အနုပညာလောကထဲက မဟုတ်ပါဘူး။ အပြင်ကပါ””လို့ ဆိုလာပါတယ်။ ကားနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း ရှင်တစ်ယောက်ဖြစ်ပြီး ၂၀၁၄ မှာ လက်ထပ်တော့မှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

M Plaza Shopping Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ