Apple ကုမ္ပဏီ တက်ဘလက် ၁ မျိုး မိတ်ဆက်

ကမ္ဘာကျော် ကွန်ပျူတာကုမ္ပဏီတခုဖြစ်တဲ့ Apple အင်ကော်ပိုရေးရှင်းက iPad Air လို့ အမည်ပေးထားတဲ့ ပိုမိုပါးလွှာပြီး လုပ်ဆောင်ချက် ပိုမိုမြန်ဆန်တဲ့ တက်ဘလက် ၁ မျိုးကို မနေ့က မိတ်ဆက်လိုက်ပါတယ်။

ဒီတက်ဘလက်ဟာ သုံးစွဲသူတွေအတွက် ကွန်ပျူတာ လည်ပတ်လုပ်ဆောင်တဲ့ မာစင်တို့ရှ် ဆော့ဖ်ဝဲကို အခမဲ့ ပေးသွားမယ်လို့လည်း အက်ပဲလ်ကုမ္ပဏီက ပြောပါတယ်။

ဒါဟာ မိုက်ကရိုဆော့ဖ် ကော်ပိုရေးရှင်းကို နည်းပညာစိန်ခေါ်ချက် တခုလည်း ဖြစ်ပါတယ်။
အက်ပဲလ်ကုမ္ပဏီဟာ အဲဒီကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ အက်ပဲလ်မက်ဘွတ်ခ်တွေနဲ့ မက်ကွန်ပျူတာတွေ သုံးစွဲသူအားလုံးအတွက် နောက်ထပ် မက်နုတ်ဘွတ်ခ် လက်ပ်တော့ အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။

အဲဒီလက်ပ်တော့ အသစ်မှာတော့ မိုက်ကရိုဆော့ဖ်ရဲ့ Excel, Word နဲ့ အခြား သုံးစွဲတဲ့ ပရိုဂရမ်တွေနဲ့ ယှဉ်ပြိုင်ထားတဲ့ Mac OS နဲ့ iWork software တို့ကို တွဲဖက်ထည့်သွင်းထားပြီး သုံးစွဲသူတွေကို အခမဲ့ပေးသွားမှာ ဖြစ်ပါတယ်။ အက်ပဲလ်ရဲ့ iPad Air ဟာ ထုတ်လုပ်ထားပြီးသား တက်ဘလက်တွေရဲ့ ၂၀ ရာခိုင်နှုန်းလောက် ပိုပြီးပါးလွှာပြီးတော့ ဈေးနှုန်းက ၄၉၉ ဒေါ်လာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီတက်ဘလက်အသစ်ဟာ ပြိုင်ဘက် နည်းပညာတွေဖြစ်တဲ့ မိုက်ခရိုဆော့ဖ်၊ နိုကီယာနဲ့ Amazon.com အင်ကော်ပိုရေးရှင်းတို့နဲ့ လာမယ့်လတွေမှာ ပြိုင်ဆိုင်မှု ပြင်းထန်မယ့်အနေအထား ရှိနေပါတယ်။

၂၀၁၀ ခုနှစ်တုန်းက ပထမဦးဆုံး အိုင်ပဒ်နဲ့ တက်ဘလက်ကွန်ပျူတာဈေးကွက်ထဲကို ခုန်ဝင်လာခဲ့တဲ့ အက်ပဲလ်ကုမ္ပဏီဟာ Amazon ရဲ့ Kindle Fire တက်ဘလက်ကနေ ဆမ်ဆောင်း အီလက်ထရောနစ်ရဲ့ နုတ် တက်ဘလက်ပြားတွေအထိ ဈေးသက်သာတဲ့ပစ္စည်းတွေကြောင့် ဖိအားတွေများတာကို ကြုံနေရတဲ့အခြေအနေလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အက်ပဲလ်ဟာ သူ့ရဲ့ပြိုင်ဘက်တွေကို ဈေးကွက်ဝေစု ခွဲပေးလိုက်ရတဲ့အတောအတွင်း အက်ပဲလ်ရဲ့ လုပ်ငန်းသုံးပရိုပရမ်တွေနဲ့ ပါဝင်ပစ္စည်းတွေ စုစည်းထားတဲ့ အဆင့်မြင့်စတိုးဟာ နောက်လာမယ့်နှစ်တွေမှာ အက်ပဲလ်ကပဲ ဆက်လက် ဦးဆောင်နိုင်မယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

by ဒီဗွီဘီ 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ