ဇာတ်ကောင်အတိုင်းပဲစီးမျောလေ့ရှိတယ်လို့ဆိုလာပြန်တဲ့ `ကိုဟွမ်ဂျွန်´

ဘုရင်မ`ဆုန်ဒုန်´ ကိုးရီးယားနိုင်ငံရဲ့ပထဦ်းဆုံးသမ္မတဇာတ်ကောင်ကို ပထမဦးဆုံးသရုပ်ဆောင်ခဲ့သည့် `ကိုဟွမ်ဂျွန်´သည်ကိုးရီးယားနိုင်ငံမှာတော့ ချစ်စရာကောင်းပြီးထက်မြတ်တ...ဲ့ဇာတ်ကောင်တွေကိုပဲ သရုပ်ဆောင်လေ့ရှိတဲ့ သရုပ်ဆောင်တစ်ဦးအနေနဲ့ကျော်ကြားလူသိများပါတယ်။ ၂၀၁၂ နဲ့ ၂၀၁၃မှာတော့ သူမတစ်ခါမှ မ စမ်းသပ်ခဲ့ဖူးတဲ့ ဇာတ်ကောင်နှစ်မျိုးကို သရုပ်ဆောင်ခဲ့ပါသည်။ ‘Miss Conspirator´ (လုပ်ကြံသူမလေး) နှင့် ‘The class of Queen´ (စာသင်ခန်းရဲ့ဘုရင်မ) တို့ဖြစ်ပါသည်။ The class of Queenသည်ရုပ်သံစီးရီး ဖြစ်ပြီး၊ Miss Conspirator ကတော့ရုပ်ရှင်ဖြစ်ပါသည်။ဒီတစ်ပတ်တော့ ဆရာမဇာတ်ကောင်နဲ့လုပ်ကြံသူ ဇာတ်ကောင်နှစ်မျိုးကိုသရုပ်ဆောင်ထားတဲ့ `ကိုဟွမ်ဂျွန်´ရဲ့ခံစားမှုတစ်ချို့ကိုဖော်ပြလိုက်ပါတယ်။

Q - ရှင့်ပထမဦးဆုံးရုင်ရှင်မှာသရုပ်ဆောင်ခဲ့တာနော်
A - ကျွန်မသုံးနှစ်ကြာပြီးတဲ့နောက်ပထမဦးဆုံးပြန်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ပါ။ ကျွန်မ၂၀ဝ၉မှာ ‘ ‘Actress´ ရုပ်ရှင်မှာသရုပ်ဆောင်ခဲ့သေးတယ်။ကျွန်မဒီရုပ်ရှင်ရဲ့ဇာတ်ညွှန်းကိုဖတ်တော့သတိထားပြီး ဖတ်ခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ ထုတ်လုပ်သူကကျွန်မရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်နေလို့ပါပဲ။ ကျွန်မအတွက်တော့ အခွင့်အရေးပါပဲ။ကျွန်မဒီထက်အသက်ကြီးလာရင် ဒီလိုဇာတ်လမ်းကိုရိုက်ကူးဖို့အခွင့်အရေးရတော့မှာ မဟုတ်ဘူး။ ကျွန်မအမြဲသရုပ်ဆောင်ခဲ့တဲ့ဇာတ်ကောင်တွေက သတ္တိရှိတယ်၊ ထက်မြက်တယ်၊ ချစ်စရာကောင်းတယ်။ Miss Conspiratorရုပ်ရှင်ထဲက ဇာတ်ကောင်ချွန်ဆုရိုးကတော့ ခပ်ကြောင်ကြောင်စရိုက်ရှိပြီး၊ရှက်တတ်သူလဲဖြစ်ပါတယ်။ ကျွန်မအတွက်တော့ လုံးသဝအသစ်အဆန်းပါပဲ။

Q - လူတွေရှင့်ပေါ်မှာထားတဲ့သတ်မှတ်ချက်တွေကို ရှင်ဒီရုပ်ရှင်နဲ့ပြောင်းလဲပစ်ချင်တာလား။
A - ကျွန်မကတော့အစီအစဉ်အတိုင်း နေထိုင်တဲ့သူတစ်ဦးမဟုတ်ပါဘူး။ကျွန်မရဲ့ မူပိုင်အကျင့်ကိုက ကိုယ့်ကိုကိုယ်ပြောင်းလဲရတာကိုကြိုက်တတ်သူမဟုတ်ဘူး။ ကျွန်မကတော့ရုပ်ရှင်ထဲကဇာတ်ကောင်အတိုင်းပဲ သရုပ်ဆောင်တာပါ။ ဇာတ်ကောင်ကြောင့်တော့ကျွန်မကိုယ်ကျွန်မ မပြောင်းပစ်ပါဘူး။ ကျွန်မသရုပ်ဆောင် ပြထားတဲ့အမူအရာတွေအားလုံးက ကျွန်မရဲ့ ဇာတ်ကောင်အတိုင်းပါပဲ။

ှQ - ရှင်နဲ့ရှင့်ဇာတ်ကောင်ကြားမှာ တူညီတဲ့အရာတွေ ရှိသလား။
A - ရှိမယ်လို့ထင်တယ်။ ကျွန်မကပတ်ဝန်းကျင်ကို ကြောက်ရွံ့တတ်သူတစ်ဦးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အပြင်ကိုထွက်ရတာလဲ သိပ်တော့မကြိုက်ဘူး။ အဲဒီခံစားမှုတော့ ဆင်သလိုရှိတယ်။ အဲဒါကြောင့်ပဲ သရုပ်ဆောင်ရတာ ပိုလွယ်ကူခဲ့တာ။

Q - ဒီရုပ်သံစီးရီးကလဲသုံးနှစ်ကြာပြီးတော့မှ ပြန်သရုပ်ဆောင်ခဲ့တာနော်။ဖိအားတွေရှိနေမှာပေါ့။
A - သိပ်မများပါဘူး။ MBC မှာအရင်ကသရုပ်ဆောင်ခဲ့တဲ့ဇာတ်လမ်းတွဲတွေကို ပိုသတိတရဖြစ်စေပါတယ်။ တဖြည်းဖြည်းနဲ့အသားကျလာမှာပါ။

Q - ရှင့်ရဲ့ဇာတ်ကောင်က သရုပ်ဆောင်ဖို့သိပ်လွယ်မှာ မဟုတ်ဘူး။ဇာတ်ကောင်ရဲ့ ကာရိုက်တာကို ကတင်းမာတဲ့ပုံရိပ်တွေနဲ့။
A - သရုပ်ဆောင်တိုင်း ကျွန်မအတွက်တော့ အခက်အခဲတွေရှိနေတာပါပဲ။ကျွန်မအတွက်တော့ ဒီစီးရီးကို ကြည့်နေတဲ့မျိုးဆက်သစ်ကလေးတွေကိုတင် အာရုံစိုက်နေရတာမဟုတ်ဘူး၊ သူတို့မိဘတွေကိုပါ အာရုံစိုက်နေရတယ်။ ကျွန်မရဲ့ဇာတ်ကောင်ဆရာမ မာရိုဂျင်းက ကလေးတွေအပေါ်မှာ ဆက်ဆံတာနည်းနည်းပြင်းထန်ပြီး၊ ရက်စက်သလိုဖြစ်နေပါတယ်။ ဒါပေမဲ့ ပရိတ်သတ်တွေနောက်ဆုံးအထိကြည့်ကြပါ။ သူမပေးချင်တဲ့အရာတွေကို နောက်တော့တွေ့ရမှာပါ။

ှQ - ကလေးဇာတ်ကောင်တွေအများကြီးနဲ့သရုပ်ဆောင်ရတော့သိပ်လွယ်မှာတော့မဟုတ်ဘူး။
A - ကလေးတွေငြိမ်ငြိမ်နေရင် လက်ဆောင်ပေးမယ်ဆိုတဲ့ နည်းလမ်းကြောင့် ကျွန်မအတွက်ပိုလွယ်ကူခဲ့တာ။ ကျွန်မကလေး၂၄ယောက်နဲ့အတူ သရုပ်ဆောင်ရတာလေ။ ကျွန်မအတွက်တော့ပထမဦးဆုံးပဲကလေး ၂၄နဲ့ အတူသရုပ်ဆောင်ရတာ။ သိပ်တော့မလွယ်ကူဘူး။ ဒါပေမဲ့ကလေးသရုပ်ဆောင်တွေအတွက်လဲ ခက်ခဲပါတယ်။အဓိကသရုပ်ဆောင်မဟုတ်တဲ့ကလေးကဘာစကားမှမပြောရပဲ ထိုင်ခုံမှာနာရီပေါင်းများစွာ ထိုင်နေရတယ်လေ။

Q - ဒီဇာတ်လမ်းမျိုးကို လူတွေက မှန်မှန်ကြည့်ကြမှာမဟုတ်ဘူး။အဲဒါကြောင့်ကြည့်ရှုသူရာခိုင်းနှုန်းအတွက် ဖိအားတွေရှိနေမှာပေါ့။
A - ကျွန်မကတော့အလုပ်လုပ်တယ်။ ဒါပေမဲ့ရာခိုင်နှုန်းကိုတော့အဓိကမထားဘူး။ ကျွန်မရဲ့ဇာတ်လမ်းတွေ ခေါက်ရိုးကျိုး၊မဲပြာပုဆိုးမဖြစ်နေဖို့ပဲ အရေးကြီးတယ်။ ဇာတ်လမ်းအတိုင်းရိုက်ပြရမှာပဲ။ ကြည့်ရှုသူရာခိုင်နှုန်းကတော့ ကံတရားပါပဲ။ ကျွန်မတို့သတ်မှတ်ထားတဲ့ဇာတ်လမ်းအတိုင်း ပုံပ်ါလာဖို့ထိ ကြိုးစားဖို့ပါပဲ။

သက်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ