ကမ္ဘာ့အကြီးဆုံး ထရပ်ကားကြီး 75710

ကုဒ်နံပါတ် 75710 အမည်နဲ့ ကမ္ဘာ့အကြီးဆုံး ထရပ်ကားကို ဥရောပ ဘီလာရုဇ်နိုင်ငံ အခြေဆိုက် Belaz ကုမ္မဏီက ထုတ်ဖောက်ပြသလိုက်ပြီ ဖြစ် ပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ကားပါပဲ။ ၁၆ လုံး ပစ်စတင် ပူး ဆလင်ဒါ အင်ဂျင် ၂ စုံတပ်ဆင်ထားပြီး တာဘိုချာဂျာလည်း ၂ စုံပါရှိ ပါတယ်။ အင်ဂျင် တစ်လုံးစီက ထုတ်ပေးနိုင်တဲ့ မြင်းကောင်ရေ အား ကတော့ ၂၃၀၀ ကိုယ်စီ ဖြစ်ပြီး စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်နိုင်စွမ်းက ၄၆၀၀ hp ရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Electromechanical Transmission စနစ် အသုံးပြုထားပြီး လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုလည်း ပါဝင် အုံးမှာပါ။ ထရပ်ကားရဲ့  သယ်ယူနိုင်တဲ့ တန်ချိန်ပေါင်းကတော့ Payload - ၄၉၆ တန် ဖြစ်ပါတယ်။

ဒါကြေင့်မို့ ကမ္ဘာ့ပထမဆုံး ၄၉၆ တန် တင်ဆောင်နိုင်သော ကားအဖြစ်လည်း စံချိန်တင်ပါတယ်။ အရွယ်အစား ထုထည်အရကော၊ သယ်ဆောင်နိုင်တဲ့ အလေးချိန်အရကော အကြီးဆုံး ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၄၀ အထိပဲ အမြန်ဆုံးသွားနိုင်ပါတယ်။ သတ္တုတွင်းတွေမှာ အသုံးပြုနိုင်ရန် အတွက်ပါ။ Belaz ဆိုတာ ယင်းကဲ့သို့ အရွယ်ကြီး ထရပ်ကား၊ သတ္တုတွင်းကားများကို ထတ်လုပ်နေတဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ ကုဒ်နံပါတ် 75710 လို့ အမည် ပေးထားတဲ့ ယင်းကားကိုလည်း ဂင်းနစ်စံချိန်တင်နိုင်ရန် အတွက်ပါ ရည်ရွယ်၍ ထုတ်လုပ်ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
.
ကားဗီဒီယို ကြည့်ရှုရန် -
http://youtu.be/FYkzkzHDWp0

Aung Kham (ColayAutomobile)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ