သြစတြေးလျမှာ ကျောင်းသွားတက်မယ့် မေဂရေ့စ်ပယ်ရီ

အချိန်တိုလေးအတွင်း ပရိသတ်ကြားမှာ အောင်မြင်မှုရ ရှိလာတဲ့ မေဂရေ့စ်ပယ်ရီက လတ်တလောမှာတော့ ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်ကူးတဲ့ Enjoy အမျိုး သမီး လစဉ်သုံး ပစ္စည်း ကြော်ငြာကို ပက်ထရစ်ရှာနဲ့အတူ ရိုက်ကူးနေပါတယ်။ အခုလို ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ ရိုက်ကူးခွင့်ရခဲ့တဲ့အတွက်လည်း တအားဝမ်းသာ ပီတိဖြစ်ကြောင်း မေဂရေ့စ်ပယ်ရီက ပြောပါတယ်။

“မေဂရေ့စ်က ဦးမောင်ရိုက်ကူးသမျှ ဇာတ်ကားတွေအကုန်လုံး ကိုလည်း တအားကြိုက်တယ်။ ထွက်သမျှဇာတ်ကားတိုင်းကိုလည်း ကြည့် ဖြစ်တယ်။ ကိုယ်တအားလေး စားရ တဲ့ ဒါရိုက်တာတစ်ယောက်နဲ့ အခုလို ရိုက်ကူးခွင့်ရတဲ့အတွက် တအားဂုဏ်ယူပါတယ်။ ဦးမောင်က ရိုက်ကူးတဲ့ အပိုင်းရော၊ Lighting ရော၊ နေရာရော စီစဉ်တာ တအား တော်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တယ်” လို့ပြောပါတယ်။ အနု ပညာအလုပ် ကိုလည်း တအားဝါသနာပါလို့ လုပ်ဖြစ်ကြောင်း မေဂရေ့စ်ပယ်ရီ က ပြောပြပါတယ်။

“မေဂရေ့စ် အနုပညာအလုပ်ကိုလည်း တအားတန်ဖိုး ထားတယ်။ တအားလည်း ဝါသနာပါတယ်။ မေဂရေ့စ်တန်ဖိုးထား တဲ့ အနုပညာ အလုပ်လေးကို ပရိသတ်တွေ အနေနဲ့လည်း အား ပေးကြတဲ့အတွက် တအားဝမ်းသာပါတယ်” လို့ပြောတဲ့ မေဂရေ့စ် ပယ်ရီက နောက်နှစ် မတ်လမှာတော့ သြစတြေးလျနိုင်ငံမှာ သုံးနှစ်ကြာ ကျောင်း သွားတက် ဖို့ရှိ ကြောင်း ပြောပါတယ်။

“မေဂရေ့စ်က သုံး၊ လေးနှစ်လောက် သြစတြေး လျမှာ ကျောင်းသွား တက်မယ်။ ကျောင်းသွားတက်တဲ့ အချိန်မှာလည်း အနုပညာအလုပ်တွေနဲ့ အဆက် အသွယ် မပြတ်အောင် မေဂရေ့စ် တစ်နှစ် နှစ်ခါလောက် မြန်မာပြည်ကို ပြန်လာဖို့ရှိတယ်။ ပြန်လာတဲ့အချိန်မှာလည်း အနုပညာအလုပ်တွေ လုပ်ခွင့်ရရင်လည်း လုပ်ချင်ပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

တွယ်တာ
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ