တိုက်ကြီးမြို့နယ်တွင် ယာဉ်တိုက်၍ လူသေဆုံး၊ ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၈

၈.၉.၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ မိုင်တိုင်အမှတ်(၅၁/၂) အနီးတွင် ပြည်ဘက်မှရန်ကုန်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်ပြီး တရားမ၀င်ကျွန်းသစ်ပရိဘောဂ တံခါးရွက်များတင်ဆောင်လာသော ၂ဃ/---- ခရောင်း၊ နက်ပြာရောင်ယာဉ်နှင့် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ ယာဉ်မောင်းအောင်ကျော်ဦး (ဘ)ဦးဖိုးစောအောင်၊ မကွေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသည့် ၈င/---- လိုက်ထရပ်အဖြူရောင်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး ၂ဃ/---- ယာဉ်မှ ၀ဲဘက်လမ်းဘေးတွင် ရပ်ထားသော ၄စ/---- ဆူဇူကီး ယာဉ်အားလည်းကောင်း၊ ၈င/----ယာဉ်မှ ယာဘက်လမ်းဘေးတွင် ရပ်ထားသော ည/---- TE ယာဉ်အားလည်းကောင်း အသီးသီး ဆက်လက်တိုက်မိခဲ့ကြသဖြင့် ယာဉ်များပျက်ဆီးခဲ့ကြပါသည်။

ယာဉ်တိုက်မှုကြောင့် ၈င/----ယာဉ်မောင်း အောင်ကျော်ဦးမှာ ဦးခေါင်း၊ လည်ပင်း၊ ၀ဲလက်ဖျံ၊ ၀ဲခြေသလုံး တို့တွင်ပေါက်ပြဲ၊ဖူးယောင်၊ကျိုးပဲ့ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ၎င်း၏ ယာဉ်ပေါ်ပါသူများ ဖြစ်သည့် ဆရာတော်ဦးကာရုံသု၊ မစန်းစန်းမော်၊ မမြမြသွင်နှင့် မနွဲ့အေးတို့တွင် ဖူးယောင်၊ ပွန်းပဲ့၊ နာကျင်ဒဏ်ရာများရရှိကာ တိုက်ကြီးဆေးရုံတွင် အတွင်း/အပြင် လူနာများ(မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရပါသည်။

အဆိုပါယာဉ်တိုက်မှုတွင်အခင်းဖြစ်နေရာ၌ ယာဉ်ကိုထားကာ တိမ်းရှောင်သွားသူ ၂ဃ/---- ယာဉ်မောင်း(စုံစမ်းဆဲ)နှင့် ၈င/---- ယာဉ်မောင်း အောင်ကျော်ဦး(သေဆုံး) တို့(၂)ဦးအား တိုက်ကြီးမြို့မ
ရဲစခန်းယာဉ်(ပ) ၃၈/၂၀၁၃၊ ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၀၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ၂ဃ/----ယာဉ်ပေါ်ပါတရားမ၀င် ကျွန်းသစ်ပရိဘောဂ တံခါးရွက်များနှင့် ပတ်သက်၍ သစ်တောဥပဒေ
အရ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ