ကရိန်းမောင်းတံနှင့် ဓါတ်ကြိုးငြိပြီး ဓါတ်လိုက်သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၈

၇.၉.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် လှိုင်မြို့နယ်၊ (၁)ရပ်ကွက်၊ အောင်မေတ္တာ(၄)လမ်းနှင့် ရွာမကျောင်းလမ်းထောင့် ကားလမ်းမတွင် မရမ်းကုန်းမြို့နယ်၊(၁)ရပ်ကွက်နေ ကရိန်းယာဉ်မောင်း ခင်မောင်ဝင်းသည် ၆က/---- ကရိန်းယာဉ်ပေါ်မှ ကားအင်ဂျင်တုံးကို ဘေးချင်းကပ်ရှိ ၈င/---- လိုက်ထရပ်အဖြူ ရောင်ယာဉ်ပေါ်သို့ ကရိန်းဖြင့် ရွှေ့ပြောင်းတင်စဉ် ကရိန်းမောင်းတံမှာ ဓါတ်တိုင်မှဓါတ်ကြိုးနှင့်ငြိပြီး ကရိန်းယာဉ်ပေါ်ပါ စပယ်ယာဦးမောင်မောင်ကြီး၊ တာမွေမြို့နယ်နှင့် လိုက်ထရပ်ယာဉ်ပေါ်ပါ ကိုအောင်ဖြိုးမိုး၊ သင်္ဃန်းကျွန်းမြို့နယ် နေသူတို့(၂)ဦးအား ဓါတ်လိုက်ခဲ့ပါသည်။

၎င်းတို့(၂)ဦးအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် ကိုအောင်ဖြိုးမိုးမှာ လမ်း၌သေဆုံးသွားပြီး ဦးမောင်မောင်ကြီးမှာပြင်ပလူနာ အဖြစ် ကုသခဲ့ရသောကြောင့် ကရိန်းယာဉ်မောင်း ခင်မောင်ဝင်းအား လှိုင်မြို့မရဲစခန်း (ပ) ၃၇၄/၂၀၁၃၊ ပုဒ်မ ၃၀၄-က/၃၃၈ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မဟာဗန္ဓုလတံတားအဆင်းတွင် နစ်ဆန်းယာဉ်ဘရိတ်ပေါက်ကာ တံတားလက်ရန်းအားတိုက်

ရန်ကုန်၊ စက်တင်ဘာ ၈

၈.၉.၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် ဗိုလ်တထောင်မြို့နယ်ဘက်မှ ဒေါပုံမြို့နယ်ဘက်သို့ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း ဦးခင်မောင်လွင်(ဘ)ဦးစောလွင် ၊ လှိုင်သာယာမြို့နယ်နေသူ
မောင်းနှင်လာသော ၄ခ/---- နစ်ဆန်း၊ဒီဇယ်ယာဉ်သည် ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား အဆင်းအရောက်တွင် ဘရိတ်ပေါက်၍ တံတား၏ယာဘက်ခြမ်း လူသွားစင်္ကြန်အားကျော်တက်ကာ တံတားတိုင်အမှတ် D2 နှင့်D3ကြားရှိ လက်ရန်းအားတိုက်မိခဲ့သဖြင့် တံတားလက်ရန်း (၂၅) ပေခန့်၊ တံတားအားမီးပေးသည့် ဓါတ်တိုင် (၁)တိုင်၊အချက်ပြမီးတပ်ဆင်ထားသည့် ဓါတ်တိုင်(၁)တိုင်တို့ ကျိုးပဲ့ပျက်ဆီးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်
ယာဉ်မောင်း ဦးခင်မောင်လွင်အား ဒေါပုံမြို့မရဲစခန်းယာဉ်(ပ)၁၉/၂၀၁၃၊ ပုဒ်မ၂၇၉ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ