လျှပ်စစ်ပစ္စည်းအရောင်း Center တစ်ခုတွင် အလုပ်လာလျှောက်သူအား ကပြခိုင်းခဲ့

England နိုင်ငံCardiff မြို့မှာရှိတဲ့ Currys Megastore အမည်ရှိ လျှပ်စစ် ပစ္စည်းအရောင်း Center မှာ အလုပ်interview ဖြေဖို့ လာလျှောက်တဲ့ လူကို ကပြခိုင်းခဲ့တယ်လို့ သိရပါတယ်။ ကပြခဲ့ရတဲ့ သူကတော့ မှတ်တမ်းရုပ်ရှင်နဲ့ ရုပ်ရှင် အစီအစဉ်ရိုက်ကူရေး ဘွဲ့ရရှိထားတဲ့ အသက်နှစ် ဆယ်အရွယ် Alan Bacon ဖြစ်ပါတယ်။

Alan Bacon ဟာ ကျောင်းပြီးတဲ့အချိန်ကတည်း က Camera တွေကိုတပ် ဆင်လုပ်ကိုင်ရတဲ့အလုပ်တွေကိုဝါသနာထုံခဲ့သူတစ်ယောက်လည်းဖြစ်ပါ တယ်။ ဒါ့ကြောင့် Currys Megastore မှာအလုပ်ဝင်လျှောက်ခဲ့
တာဖြစ်တယ် လို့ Alan Bacon ကဆိုပါတယ်။ အလုပ်Interview မရောက်ခင် တစ်ပတ် အလိုကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ခဲ့ပေမယ့် တကယ် Interview နေ့မှာတော့ ဘာအစွမ်းအစကိုမှပြသ
ခွင့်မရပဲ ကပြ ရုံသက် သက်နဲ့သာပြန်လာရတဲ့အတွက် အရမ်းရှက်မိ
ပါတယ်လို့ Bacon က BBC သတင်းဌာနကိုပြောကြားခဲ့ပါတယ်။


ကပြခိုင်းတဲ့အပြုအမှုကိုလုပ်မိခဲ့တဲ့ Currys Megastore ကတာဝန်ရှိ သူတွေကလည်း Bacon ကို ပြုလုပ်ခိုင်းခဲ့တဲ့လုပ်ရပ် ဟာလုပ်ငန်းနဲ့လုံး ၀မသက်ဆိုင်ကြောင်းပြောင်းဆိုပြီး Bacon ကို အတိအလင်းလူသိရှင် ကြားတောင်းပန်ခဲ့တယ်လို့လည်း BBC သတင်းထဲမှာဖော်ပြထားပါတယ်။
Bacon ဟာအလုပ်ရရှိဖို့အရမ်းကိုလိုအပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး အလုပ်ရှာရခက်ကြောင်းကိုလည်း BBC သတင်းဌာနကိုပြောဆိုခဲ့ပါတယ်။

ကပြခဲ့တဲ့ Bacon ရဲ့ Video အစအဆုံးကိုကြည့်ချင်ရင်တော့
Ref: BBC World News

Myanmar International News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ