ဖယ်လိုင်နီကို ယူနိုက်တက် ခေါ်ယူခဲ့မှုအား အူစိန်ဘော့တ် ကြိုဆို

အင်္ဂလန် ချန်ပီယံ အသင်း၏ အမာခံ ပရိသတ် တစ်ဦးလည်းဖြစ်သည့် ကမ္ဘာ့ချန်ပီယံ တာတိုအပြေးသမားသည် ဖယ်လိုင်နီ၏ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းဂျာစီကို ကိုင်မြှောက်ကာ ဓာတ်ပုံ အရိုက်ခံခဲ့ 

မန်ချက်စတာ ယူနိုက်တက် အသင်းက မော်ရို ဖယ်လိုင်နီ ကို ခေါ် ယူခဲ့မှုကို ထောက်ခံ ကြိုဆိုကြောင်း အူစိန်ဘော့တ်က ပြသလိုက်သည်။

အင်္ဂလန် ချန်ပီယံ အသင်း၏ အမာခံ ပရိသတ် တစ်ဦးလည်းဖြစ်သည့် ကမ္ဘာ့ချန်ပီယံ တာတိုအပြေးသမားသည် ဖယ်လိုင်နီ၏ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းဂျာစီကို ကိုင်မြှောက်ကာ ဓာတ်ပုံ အရိုက်ခံခဲ့ကြောင်း သိရသည်။ မီတာ(၁၀၀)နှင့် မီတာ(၂၀၀) ကမ္ဘာ့အပြေးချန်ပီယံသည် အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးသို့ ရောက်ရှိနေစဉ် ယခုကဲ့သို့ ဖယ်လိုင်နီ ဂျာစီကို ကိုင်ဆောင်ကာ ဓာတ်ပုံ အရိုက်ခံခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မကြာသေးမီက ယူနိုက်တက် အနေဖြင့် ကွင်းလယ် ကစားသမား တစ်ဦး ဝယ်ယူသင့်ကြောင်း အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်ကို တောင်းဆို တိုက်တွန်းခဲ့ဖူးသည်။

"မိုယက်စ်ရေ။ ကျွန်တော်တို့တော့ ဖန်တီးမှု စွမ်းရည် မြင့်မားတဲ့ ကွင်းလယ်လူ တစ်ယောက် လိုနေပြီ။ ဘောလုံးကို အကောင်းဆုံး ဖြန့်ဝေပြီး အခွင့်အရေးတွေ ဖန်တီးပေးတတ်သူမျိုးပေါ့။ ခုကို လိုနေတာ။ ပွဲတွေကို ပိုထိန်းချုပ်နိုင်ဖို့က အရေးတကြီး လိုနေပါပြီ"ဟု MUTVနှင့် အင်တာ ဗျူးတွင် ဘော့တ်က ပြောကြားခဲ့သည်။ ၎င်းသည် လတ်တလောတွင် ပြိုင်ပွဲကြီးများနှင့် အတန်ငယ် ကင်းကွာနေပြီး (၂၀၁၆)ခုနှစ် ရီယိုဒီဂျနေရို အိုလံပစ်တွင် ပါဝင်ယှဉ်ပြိုင်ရန် တိတိကျကျ မဆုံးဖြတ်သေးကြောင်းလည်း သိရသည်။ "ကျွန်တော် ပုံစံကောင်း ရနေရင်တော့ အဲဒီပြိုင်ပွဲမှာ သွားပြိုင် မှာပါ။ ဒါပေမဲ့ အားကစားလောကမှာ အချိန်တော်တော်ကြာကြာ လွှမ်းမိုးပြီး တဲ့နောက် အအောင်မြင်ဆုံး ကာလမှာ အနားယူလိုက်တာမျိုး လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"ဟု ဘော့တ်က မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ