လီဗာပူးလ်တွင် ဆက်နေရခြင်းကိုလည်း ပျော်ရွှင်မိဟု အသင်းပြောင်းလိုသူ ဆွာရက်ဆို

နွေရာသီ အပြောင်းအရွှေ့ ကာလ တစ်လျှောက်လုံး အသင်းမှ ထွက်ခွာရေး အတွက် ကြိုးစား ခဲ့သော တိုက်စစ်မှူး လူးဝစ် ဆွာရက်က လီဗာပူးလ် အသင်း အတွက် သာ ပျော်ပျော်ရွှင်ရွှင် နေသွား မည်ဟု အပြောင်းအရွှေ့ အပြီးတွင် ပြောသည်။

အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄ဝ+၁ ပေါင်ဖြင့် ရောက်ရှိရန် နီးစပ်ခဲ့သော ဥရုဂွေး တိုက်စစ်မှူး လူးဝစ်ဆွာရက်က အပြောင်းအရွှေ့ ကာလ အ တွင်း အသင်းပြောင်းရွှေ့ ခွင့် မပြုလျှင် လီဗာပူးလ် ဘုတ်အဖွဲ့အား တရားစွဲဆို သွားမည်ဟု ပြောဆို ခဲ့သော် လည်း အပြောင်းအရွှေ့ ပိတ်ချိန် အထိ အသင်းပြောင်းခွင့် မရခဲ့ပေ။

”ဒါကို ကန့်လန်ကာ ချလိုက်ကြပါ စို့။ ကျွန်တော် လီဗာပူးလ်မှာပဲ ဆက်နေ ဖို့ အရင် ကတည်းက ဆုံးဖြတ် ထားပြီး သားပါ”ဟု လူးဝစ်ဆွာရက် က ပြော သည်။ဆွာရက်သည် ယခုအခါ နိုင်ငံ တကာ ပွဲကစားရန် အတွက် ဥရုဂွေး သို့ ပြန်ရောက်နေပြီး လီဗာပူးလ် အတွက် သာ အာရုံ စိုက်သွားမည်ဟု ဆိုသည်။

”အဲဒီ ကာလတုန်းက တစ်ခုခုဖြစ် ပျက်သွားရင် ကောင်းတယ်ပေါ့။ ဒါပေမဲ့ လီဗာပူးလ် မှာ ဆက်နေလည်း ကျေနပ် ပါတယ်”ဟု ၄င်းက ပြောသည်။

အာဆင်နယ်က ဆွာရက် အတွက် ၃ ကြိမ် တိတိ ကမ်းလှမ်းခဲ့ ဖူးပြီး လီဗာပူးလ် က ငြင်းပယ် ခဲ့သဖြင့် ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ် ကစားသမား အိုဇေးလ် ကို ခေါ်ယူခဲ့ သည်။

KYL

Ref: Daily Mail

Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ