အစားကောင်း အသောက်ကောင်းပေါလွန်း၍ ကယ်လီဘရွတ်ခ် ဒုက္ခတွေ့

လန်ဒန်တွင် နေထိုင်ချိန်တွင် မကြာခဏ အပြင်ထွက်လည်ကာ အစား အသောက်များ ဝယ်ယူစားသောက်ခြင်းကြောင့် ခန္ဓာကိုယ် အလေးချိန် တိုးလာကြောင်းလည်း သူမက ဝန်ခံသည်။

အစားကောင်း အသောက်ကောင်း ပေါများလွန်းခြင်းသည် လန်ဒန်မြို့ကို သူမစိတ်ပျက်သည့် အဓိက အကြောင်းရင်း တစ်ခုဟု ကယ်လီဘရွတ်ခ် က နောက်ပြောင် ပြောကြားလိုက်သည်။ လန်ဒန်တွင် နေထိုင်ချိန်တွင် မကြာခဏ အပြင်ထွက်လည်ကာ အစားအသောက်များ ဝယ်ယူစားသောက်ခြင်းကြောင့် ခန္ဓာကိုယ် အလေးချိန် တိုးလာကြောင်းလည်း သူမက ဝန်ခံသည်။ Piranha 3Dစတား မော်ဒယ်လ် မင်းသမီးက လန်ဒန်တွင် အရသာရှိသလောက် ကယ်လိုရီ ပါဝင်မှု ပမာဏ မြင့်မားလှသည့် အစားအသောက် ပေါများလွန်းပြီး ယင်းသည် သူမ၏ ခန္ဓာကိုယ်အလှ ထိန်းသိမ်းရန် အားထုတ်မှုများကို ခက်ခဲပင်ပန်းအောင် လှုံ့ဆော်နေကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ ကယ်လီသည် မကြာသေးမီ နှစ်ပိုင်းကမှ ကယ်လီဖိုးနီးယားကို စွန့်ခွာကာ လန်ဒန်တွင် အခြေချ နေထိုင်လာခဲ့သည်။

သူမက "ခုဆိုရင် ကျွန်မအနေနဲ့ ဘီကနီ ဝတ်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် သိပ်ယုံကြည်မှု မရှိတော့သလိုပဲ။ ကျွန်မက လန်ဒန်မြို့လယ်မှာ လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက အခြေချပြီး နေဖြစ်ခဲ့ပါတယ်။ ဒီအပြောင်းအလဲက ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားကို အများကြီး သက်ရောက်စေတယ်လို့ ထင်တယ်။ လန်ဒန်မှာက ညစာစားပွဲတွေ၊ ကော့တေးလ်ပါတီတွေ အားလုံးက အင်မတန် ဆွဲဆောင်မှုရှိတယ်လေ။ ကယ်လီဖိုးနီးယားမှာတုန်းက ကျွန်မဟာ ကမ်းခြေပိုင်းမှာ ပိုအနေများတယ်။ ဒီတော့ ဘီကနီ ဝတ်လိုက်တာနဲ့ ခန္ဓာကိုယ် အချိုးအစားကို ချက်ချင်း သတိပြုမိပြီး နိုးနိုးကြားကြား ဖြစ်နေတယ်"ဟု ရယ်ရယ်မောမော မှတ်ချက်ပြုခဲ့သည်။

အသက်(၃၃)နှစ်ရှိ ကယ်လီသည် မကြာသေးမီကမှ ချစ်သူ ဒန်နီ ကာပရီရာနီနှင့် လမ်းခွဲခဲ့သူ ဖြစ်သည်။ သူမအနေဖြင့် လတ်တလောတွင် အသည်းကွဲ ဝေဒနာကို အစားအသောက်နှင့် ဖြေသိမ့်နေဟန် တူသည်။ "ကျွန်မကလည်း ခပ်ဆိုးဆိုး မိန်းကလေးပါပဲ။ ချိစ်ရယ်၊ ချော့ကလက်ရယ်၊ ဝိုင်နီရယ်ကို အရမ်းကြိုက်တယ်။ တစ်ခါတစ်လေကျတော့လည်း ဘာမှ မချင့်ချိန် မတွက်ဆဘဲ စားချင်တာတွေ လျှောက်စားမိပြန်တယ်။ ကျွန်မအကြိုက်ဆုံးကတော့ ဆော်လ်မွန်ငါးကင်နဲ့ ဂရိရိုးရာ အသုပ်စုံပါပဲ"ဟုလည်း ကယ်လီက တက်တက်ကြွကြွ ပြောဆိုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ