အင်တာနက် မဲပေးစနစ်တွင် ဆုသုံးဆုအတွက် ခင်ဝင့်ဝါ အမှတ်အများဆုံးဖြင့် ဦးဆောင်

ရန်ကုန်၊ စက်တင်ဘာ ၅

ဘီလာရုစ်နိုင်ငံ မင့်စ်မြို့တွင် ကျင်းပနေသော ကမ္ဘာ့တတိယအဆင့်ရှိ Miss Supranatinal ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်နေသော မခင်ဝင့်ဝါသည် အင်တာနက်မှ Miss Internet ဆုအပြင် အခြားဆုများ ဖြစ်ကြသော People Choice Award၊ Face of Miss Supranational ဆုများအတွက် အမှတ်အများဆုံးဖြင့် ဦးဆောင်နေကြောင်း Miss Supranational organization မှ National Director ဦးဝေယံအောင်က ပြောကြားသည်။

“ပြိုင်ပွဲကနေပေးမယ့် Miss Internet ဆုကို မြန်မာနိုင်ငံက လူတွေက ပေးခွင့်မရဘူး။ ဘာလို့လဲဆိုတော့ အဲဒီဆုအတွက် မဲပေးချင်ရင် ၁၀မဲကို ငါးဒေါ်လာပေးဝယ်မှ ပေးလို့ရမှာပါ။ အဲဒါကြောင့် ပြည်ပမှာရှိတဲ့ မြန်မာတွေကပဲ မဲပေးနိုင်ပါတယ်။ အဲဒီမှာလည်း အမှတ်အများဆုံး နေရာမှာ ရပ်တည်နေပြီးတော့ Missosology ဝက်ဘ်ဆိုက်ကနေပေးမယ့် People Choice Award၊ Face of Miss Supranational ဆုတွေအတွက် မြန်မာနိုင်ငံက ပေးလို့ရတဲ့မဲမှာလည်း အရေအတွက် အများဆုံး၊ အမှတ်အများဆုံးပါပဲ” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

လက်ရှိတွင် မခင်ဝင့်ဝါမှာ ဘီလာရုစ်နိုင်ငံကပေးမည့် ဆုအတွက် မဲအရေအတွက် ၁၁ သိန်းကျော် ရနေပြီး မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ဆုများသယ်ယူနိုင်တော့မည် ဖြစ်ကြောင်း ဦးဝေယံအောင်က ပြောကြားသည်။

Miss Internet ဆုအတွက်မူ မြန်မာမယ် မခင်ဝင့်ဝါက စက်တင်ဘာလ ၅ ရက်နေ့ည ၈ နာရီ အချိန်တွင် မဲပေါင်း ၃၀၄၀ ကျော် ရရှိနေပြီး ထိုင်းမယ်မှာ မဲပေါင်း ၇၃၀ နှင့် ဒုတိယနေရာမှ လိုက်နေရာ မခင်ဝင့်ဝါက မဲအပြတ်အသတ်ဖြင့် ဦးဆောင်နိုင်ပြီ ဖြစ်သည်။

အဆိုပါ Miss Internet ဆုမှာ စက်တင်ဘာလ ၆ ရက်နေ့ ဒေသစံတော်ချိန် ည ၁၂နာရီတွင် မဲပေးခွင့် နောက်ဆုံးပိတ်မည် ဖြစ်သည်။

Miss Internet 2012 ဆုရှင် နန်းခင်ဇေယျာက သူ၏ Facebook စာမျက်နှာပေါ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နေသော ခင်ဝင့်ဝါအတွက် မဲများပေးကြရန် တိုက်တွန်းထားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ