၉ လကြာတွဲခဲ့သည့် ချစ်သူနှင့် စေ့စပ်လိုက်သည့် စကားလက်ဂျိုဟန်ဆန်

ဩဂုတ်လကုန်ပိုင်းက ရိုမိန်းက စကားလက်ကို လက်ထပ်ခွင့် တောင်းခဲ့ပြီး Under the Skinစတား မင်းသမီးက လက်သင့်ခံ ခေါင်းညိတ်ခဲ့ကြောင်း People မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

စကားလက် ဂျိုဟန်ဆန် အနေဖြင့် သူမနှင့် (၉)လကြာ တွဲလာသည့် ချစ်သူ ရိုမိန်း ဒူရီရက်၏ လက်ထပ်ရန် ခွင့်ပန်မှုကို လက်ခံထားပြီးဖြစ်ကြောင်း သိရှိရသည်။ ဩဂုတ်လကုန်ပိုင်းက ရိုမိန်းက စကားလက်ကို လက်ထပ်ခွင့် တောင်းခဲ့ပြီး Under the Skinစတား မင်းသမီးက လက်သင့်ခံ ခေါင်းညိတ်ခဲ့ကြောင်း People မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

"သူတို့နှစ်ယောက် စေ့စပ်ပြီးပါပြီ။ နှစ်ယောက်လုံး ဒီအတွက် ပျော်နေကြတယ်လေ"ဟု စကားလက်နှင့် ရင်းနှီးသူ တစ်ဦးက ဆိုသည်။ အသက်(၂၈)နှစ်ရှိ မင်းသမီး၏ ကိုယ်ရေး အရာရှိကမူ အဆိုပါ ကိစ္စကို တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့ချေ။ လတ်တလောတွင် စကားလက်သည် Under The Skin ဇာတ်ကားသစ်အတွက် Promotion အစီအစဉ်တွင် ပါဝင်ရန် ဗင်းနစ်ရုပ်ရှင် ပွဲတော်သို့ ရောက်ရှိနေခဲ့သည်။

စကားလက်သည် ဗင်းနစ်တွင် ပြင်သစ်သား ချစ်သူ၏ ရွေးချယ်ဝယ်ယူမှုဖြစ်သော ရှေးလက်ရာ စေ့စပ်လက်စွပ်ကို ဂုဏ်ယူစွာ ဝတ်ဆင်လာခဲ့သည်။ Avengersစတား မင်းသမီးသည် (၂၀၁၂)ခုနှစ်၊ နိုဝင်ဘာလက သူငယ်ချင်းများ မိတ်ဆက်ပေးမှုဖြင့် စတင်သိကျွမ်းကာ ချစ်သူများ ဖြစ်လာကြသည်။ ထိုစဉ်က စကားလက်သည် ချစ်သူဟောင်း နိတ်တေလာနှင့် လမ်းခွဲပြီးကာစ ဖြစ်သည်။ ဖေဖော်ဝါရီလက စကားလက်သည် ရွှေကွပ်ထားသည့် ပတ္တမြားလက်စွပ်တစ်ကွင်း ဝတ်ဆင်ခဲ့သော်လည်း ထိုစဉ်က သူမ၏ သူငယ်ချင်းများက ယင်းသည် စေ့စပ်လက်စွပ် မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြသည်။

အသက်(၃၀)အရွယ်ရှိ ရိုမိန်းနှင့် စကားလက်တို့ အနေဖြင့် မည်သည့်အချိန်တွင် လက်ထပ်ရန် စီစဉ်ထားသည်ကိုမူ မသိရသေးချေ။ စကားလက်သည် ယခင်က ကနေဒါ ရုပ်ရှင်မင်းသား ရိုင်ယန်ရေးနိုးလ်နှင့် လက်ထပ်ခဲ့ဖူးပြီး အိမ်ထောင်သက်သည် (၂၀၀၈)ခုနှစ်မှ (၂၀၁၀)ပြည့်နှစ်ထိသာ ကြာမြင့်ခဲ့သည်။ Green Lanternစတား ရိုင်ယန်သည် ယခုအခါတွင်မူ ဘလိတ်ခ်လိုက်ဗ်လေနှင့် လက်ထပ်ထားပြီ ဖြစ်သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ