Billboard တွင် "Hail to The King" အယ်လ်ဘမ်က နံပါတ်တစ်နေရာရယူ

အမေရိကန်ရော့ခ်တီးဝိုင်းတစ်ခုဖြစ်တဲ့ Avenged Sevenfold ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ "Hail to the King" အယ်လ်ဘမ်ဟာ အမေရိကန် Billboard 200 ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ထားကြောင်း ထုတ်ပန်ထားပါတယ်။ ဒီအယ်လ်ဘမ်ဟာပြီးခဲ့တဲ့သြဂုတ် ၂၇ ရက်က စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး ပထမတစ်ပတ် အတွင်းမှာတင် အခွေပေါင်း ၁၅၉,၀၀၀ ရောင်းချခဲ့ရတာကြောင့် ပြီးခဲ့တဲ့အပတ်က ထိပ်ဆုံးမှာရှိနေတဲ့ Luke Bryan ရဲ့ "Crash My Party" ကို ကျော်တက်ကာ အခုလို ထိပ်ဆုံးနေရာမှာ ချိတ်ခဲ့တာပါ။

"Hail to the King" အယ်လ်ဘမ်မှာ ပင်တိုင်အဆိုတော် အမ်ရှာဒိုးစ်က ဦးဆောင်သီဆိုထားပြီး သူတို့အဖွဲ့ ရဲ့ခြောက်ခုမြောက် အယ်လ်ဘမ်လည်းဖြစ်တဲ့ ဒီအခွေကိုသူတို့ရဲ့ နံပါတ်တစ်အခွေအဖြစ်
သတ်မှတ်ထားပြီး ဒုတိယမြောက် အရောင်းရဆုံးအခွေလည်း ဖြစ်လာပါတယ်။ သူတို့ရဲ့ ဒီအခွေမတိုင်ခင် အရောင်းရဆုံးခွေက ၂၀၁၀ ခုနှစ်ကထွက်ခဲ့တဲ့ Nightmare အခွေဖြစ်ပြီး ပထမဆုံးအပတ်မှာတင် အခွေပေါင်း ၁၆၃,၀၀၀ ရောင်း ချခဲ့ရပါတယ်။

အမေရိကန် Billboard 200 ရဲ့ ဒုတိယနေရာမှာတော့ Luke Bryan ရဲ့ "Crash My Party" က အခွေပေါင်း ၉၂,၀၀၀ အထိ ရောင်းချရကာ ရပ်တည်နေပြီး Big Sean ရဲ့ နောက်ဆုံးအယ်လ်ဘမ် "Hall of Fame" က ၇၂,၀၀၀ ရောင်းချရကာ တတိယနေရာမှာ ရပ်တည်နေပါတယ်။ Billboard 100 ရဲ့ ထိပ်ဆုံးနေရာမှာ တော့ အမေရိကန်အဆိုတော် ကေတီပယ်ရီရဲ့ Roar သီချင်းခွေက ရှိနေပါတယ်။

အောင်သုတ
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ