ဆိုက်ကားသမားတစ်ဦး ဒဏ်ရာများနှင့် သေဆုံးနေမှုကို ရဲကလိုက်လံစုံစမ်းနေပြီ

လှိုင်သာယာမြို့နယ်တွင် ဆိုက်ကားသမားတစ်ဦး ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေမှုအား မြို့နယ် ရဲစခန်းက စက်တင်ဘာ ၁၄ ရက်တွင် အမှုဖွင့်ပြီး သွေးရိုးသားရိုး သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် စုံစမ်း စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ ၁၅ ရပ်ကွက်ရှိ ခိုင်သဇင်လမ်းတွင် နေထိုင်သည့် အသက် ၃၈ နှစ် အရွယ် ကိုတင်လှ ဆိုသူဖြစ်ပြီး ဆိုက္ကားနင်းသူတစ်ဦးလည်းဖြစ်သည်ကို ရဲတပ်ဖွဲ့က အခင်းဖြစ်ရာနေရာသို့ သွားရောက် အတည်ပြုထားသည်။

ထိုသူကို အင်္ကျီမပါဘဲ ညာဘက်သို့ စောင်းလျက်အနေအထားဖြင့်တွေ့ရှိရပြီး ယာဘက်ပုဆိုး ခါးကြားတွင် ကြွပ်ကြွပ်အိတ် အဖြူရောင်ဖြင့် ထည့်လျက် ငွေ ၉၀၀ ကျပ်ပါ အနက်ရောင် ခေါက်ပိုက်ဆံအိတ်နှင့် မီးခြစ် တစ်လုံးကို ၎င်း၏ ၀မ်းဗိုက်ရှေ့တွင် ကျလျက်အနေအထားများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် သေဆုံးသူကို စစ်ဆေးရာတွင်လည်း ဦးခေါင်းညာချိုစောင်းထိပ်တွင် လက်မ၀တ်ခန့် ပေါက်ပြဲဒဏ်ရာတစ်ချက် ရရှိထားသည်ကို တွေ့ရှိခဲ့သည်။ ပက်ဝန်းကျင်ကို ရဲများက မေးမြန်းစစ်ဆေးရာတွင်လည်း ၎င်းလဲကျနေသည့် နေအိမ်ရှေ့အမြင့်ခြောက်ပေခန့်ရှိ ထုတ်တန်းတွင် ဆိုက်ကားသော့ခက်သည့် သံကြိုး သေးမှာ သွေးများပေကျံလျက် ချည်နှောင်ထားးသည်ကိုလည်း တွေ့ရှိထားရသည်ဟု တိုင်းရဲဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပက်ဝန်းကျင် သတ်သေများနှင့် အခင်းဖြစ်နေအိမ်တွင်ရှိသည့် သေဆုံးသူ၏ ညီမ၊ သေသူ၏ တူမ တော်စပ်သူ အသက်ခုနစ်နှစ်အရွယ်ကလေးငယ်တို့နှင့် အခင်းဖြစ်ချိန်နေအိမ်သို့ ရောက်ရှိနေသော အိမ်နီးခြင်းဖြစ်သူ ပိုင်ဇင်မျိုးမင်းတို့ကိုလည်း ရဲကစစ်ဆေးခဲ့သည်ဟု ဆိုသည်။

စစ်ဆေးချက်အရ သေဆုံးခဲ့သူ ကိုတင်လှသည် အရက်သောက်ရန် ငွေ(၅၀၀)ကျပ် တောင်းခံရာမှ မခင်မိုးသူနှင့် စကားများပြီး ယင်းကိုယ်တိုင် နေအိမ်ရှိ ကြည့်မှန်နှင့် ဦးခေါင်းအား ရိုက်ခွဲခဲ့ကာ “ကိုယ့်ကိုကိုယ် သတ်သေတာပဲ ကောင်းတယ်” ဟု ပြောဆို ထွက်သွားပြီး ခဏအကြာတွင် လဲကျသေဆုံးသွားသည်ကို တွေ့ရှိခဲ့သည်ဟု ထွက်ဆို ထားကြကြောင်း ရဲဌာနက ဆိုထားသည်။

ထို့နောက် အလောင်းကို ထပ်မံစစ်ဆေးရာတွင်လည်း လည်ပင်းညိုမဲဒဏ်ရာရထားပြီး၊ မျက်လုံးပြူး၊ ဦးခေါင်း ယာဂျိုစောင်းဖူးယောင်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရပြန်သည်ဟု ရဲဌာနကဆိုသည်။

ထို့ကြောင့် အလောင်းကို လှိုင်သာယာဆေးရုံသို့ပို့ဆောင်ကာ မှုခင်းဆရာဝန်ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်နေပြီဟု ဆိုသည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ မိမိကိုယ်ကို သတ်သေ၍ သေဆုံးခဲ့ရခြင်း ဟုတ်မဟုတ်ကို ဆက်လက် စစ်ဆေး သိရှိနိုင်ရန် ရဲအုပ်ဌေးဝင်းက တရားလိုလုပ်တိုင်တန်းထားသည်။ ယင်းတိုင်တန်းချက်ကြောင့် လှိုင်သာယာမြို့နယ် ရဲစခန်းက စက်တင်ဘာ ၁၅ ရက်တွင် သေမှုသေခင်းအမှတ်စဉ် ၆၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဖော်ထုတ်လျက်ရှိ သည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ