ကယ်ရီငှားစီးသူခရီးသည်(၂)ဦးမှ ဆိုင်ကယ်အားလုယူ

ရန်ကုန်၊ စက်တင်ဘာ ၁၆

၁၅.၉.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုကျော်ကျော်ခိုင်သည် သာကေတမြို့နယ်၊ ဧရာဝဏ်လမ်း
အ၀ိုင်းထိပ်တွင် ဆိုင်ကယ်ကယ်ရီအငှားလိုက်ရန် ဂိတ်ထိုးထားချိန် အမည်မသိအမျိုးသား(၂)ဦးရောက်ရှိလာပြီး သာကေတမြို့နယ်၊ လယ်ယာ(၆)လမ်းသို့ ငွေကျပ် (၈၀၀) ဖြင့်ပို့ဆောင်ပေးရန်
ငှားရမ်းသဖြင့် မောင်းနှင်ထွက်ခွါလာရာ အဆိုပါအမျိုးသား(၂)ဦးမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပဲခူးမြစ်ကမ်းဘေးတွင် နေထိုင်သည့် အဒေါ်ဖြစ်သူထံမှ လမ်းစရိတ်ငွေသွားတောင်းလိုကြောင်း
ပြောဆိုကာပို့ပေးရန်ပြောသဖြင့် သာကေတမြို့နယ်၊ ရတနာလမ်းမှ
ဆိပ်ကမ်းသာလမ်းဘက်သို့ ချိုးကွေ့မောင်းနှင်လာခဲ့စဉ်
နောက်ဆုံး၌ထိုင်စီးလာသူမှ ၄င်း၏ထီးမှာ ကျကျန်ခဲ့ကြောင်းပြော၍
ဆိုင်ကယ်အား ရပ်ပေးခဲ့ပါသည်။

အဆိုပါသူ ထီးသွားကောက်ယူနေချိန်တွင် ကျန်တစ်ဦးမှ ဓါးထုတ်ပြပြီး ဆိုင်ကယ်ပေါ်မှဆင်းခိုင်းခဲ့ကာ ထီးသွားရောက်ကောက်ယူသူမှလည်း ချုပ်ကိုင်ထားရန်လှမ်းပြောသဖြင့် ကိုကျော်ကျော်ခိုင်မှာ၎င်းပိုင် ၂၀ယ/၇၈၁၂၄ ဂျဲလမက် 125 အဖြူရောင်ဆိုင်ကယ်၊ တန်ဘိုးငွေကျပ်(၄၅၀၀၀၀)အားထားပြီး ထွက်ပြေးခဲ့စဉ် ၎င်းတို့(၂)ဦးမှာ ဆိုင်ကယ်အားယူဆောင်ကာမောင်းနှင်ထွက်ပြေးသွားကြသဖြင့်
စုံစမ်းအရေးယူပေးရန် သာကေတနယ်မြေရဲစခန်းသို့လာရောက်
တိုင်တန်းခဲ့၍ (ပ)၆၆၈/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်စုံစမ်း
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ