လျှပ်စစ်မီးပေါ့ဆစွာ အသုံးပြုသဖြင့် မီးလောင်မှုဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၆

၁၆.၉.၂၀၁၃ရက်နေ ၀၆၃၅အချိန် ဘုရင့်နောင်နယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် မရမ်းကုန်းမြို့ နယ်၊ (၁)ရပ်ကွက်ရှိ
စိန် အကောင်းစား လက်ဖက်ခြောက်ပွဲရုံတွင် မီးလောင်းမှု
ဖြစ်ပွားကြောင်းသတင်းအရသွားရောက်စစ်ဆေးခဲ့ရာ ပွဲရုံပိုင်ရှင်ဦးအောင်သိန်း၊ (ဘ)ဦးတင်အေးသည် ၁၄.၉.၂၀၁၃ရက်နေ့ ၁၇၃၀အချိန်ခန့်တွင် ပွဲရုံအားပိတ်ပြီး လျှပ်စစ်မိန်းခလုတ်အား ချထားခဲ့သော်လည်း အသုံးပြုခဲ့သောမီးဖိုးအားမပိတ်ဘဲထားခဲ့ကြောင်း၊ ၁၆.၉.၂၀၁၃ရက်နေ့ ၀၆၀၀အချိန်ခန့်တွင် ပွဲရုံသို့ပြန်လည်ရောက်ရှိစဉ် မိန်းခလုတ်အားတင်၍ အသုံးပြုခဲ့ရာမှ ယခင်ရက်ကမပိတ်ဘဲထားခဲ့သော လျှပ်စစ်မီးဖိုးမှာ အပူရှိန်မြှင့်တက်လာပြီး အနီးရှိ INAS တံဆိပ်ပါ စားအုန်းဆီဖာ(၁၂)ဖာနှင့် ထပ်ခိုးတို့အား မီးစွဲလောင်ခဲ့ခြင်းဖြစ်ကြောင်း
သိရှိရပြီး ပတ်ဝန်းကျင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှရောက်ရှိ
မီးငြိမ်းသတ်ခဲ့၍ ၀၆၄၈အချိန်တွင် မီးငြိမ်းသွားခဲ့သွားခဲ့ပါသည်။

မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၆၆၀၀၀)ခန့်ရှုံးဆုံးသွားခဲ့သဖြင့် လျှပ်စစ်မီးအားပေါ့ဆစွာ အသုံးပြုသူ ဦးအောင်သိန်းအား ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၃၃၇/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ