ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက် ထွက်ပြေးသွားသူများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၂၃

၂၁-၉-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ သီတာရပ်ကွက်၊ ““ရွှေဝါ၀င်း””ကဖီးနှင့်အအေးဆိုင်တွင် ၀ိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာနေ အောင်မျိုးမြင့်(၂၀)နှစ်သည် သူငယ်ချင်းများဖြစ်သူ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နေ နေသူမြင့်(၂၀)နှစ်၊ မနွေးနွေး၊ မသီတာဝင်း တို့နှင့်အတူ အအေးသောက်နေစဉ် ၎င်းတို့နှင့်မျက်နှာချင်းဆိုင်ဝိုင်းရှိ လူငယ်(၃)ဦးနှင့် အမျိုးသမီး (၁)ဦးတို့မှ ““ရုပ်တွေကိုယ်က ကြည့်လို့ကိုမရဘူး တောသားရုပ်တွေ””ဟု စောင်းမြောင်းပြောဆိုနေသဖြင့် အောင်မျိုးမြင့်မှ မနွေးနွေးနှင့်မသီတာဝင်းတို့အားပြန်ခိုင်းပြီး စီတာပူရပ်ကွက်နေ သူငယ်ချင်းများထံ ဖုန်းဆက်ခေါ်ခဲ့ရာ မောင်အေးရှမ်း(ခ)အောင်ကျော်ဖြိုးပါ(၃)ဦး ဆိုင်ကယ်(၁)စီးဖြင့်ရောက်ရှိလာ၍ ၎င်းတို့(၅)ဦးအတူ ဆိုင်မှပြန်လာခဲ့သည်။

ထိုသို့ပြန်လာစဉ် သီတာရပ်ကွက်၊ ယဉ်ကျေးမှုပြတိုက် လမ်းဆုံအရောက်တွင် ဆိုင်အတွင်း၌စောင်းမြောင်းပြောဆိုခဲ့သူ အမျိုးသား(၃)ဦးနှင့်အမျိုးသမီး(၁)ဦးတို့ နောက်မှလမ်းလျှောက်လိုက်လာသည်ကိုတွေ့ရှိရ၍
 အောင်မျိုးမြင့်ပါ(၅)ဦးမှ ဆိုင်ကယ်များရပ်ပြီး စောင့်ဆိုင်းနေစဉ် ဆိုင်အတွင်းမှထွက်လာသူအမျိုးသား(၃)ဦးမှ အောင်မျိုးမြင့်တို့အဖွဲ့အား ၀ိုင်းဝန်း ထိုးကြိတ်ရိုက်နှက်၍ တကွဲတပြားစီထွက်ပြေးသွားခဲ့သည်။

ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခံရမှုကြောင့် နေသူမြင့်တွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ(၁)ချက်၊ အေးရှမ်း(ခ)အောင်ကျော်ဖြိုးတွင် ရင်ဘတ် ၀ဲဘက်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိခဲ့သဖြင့် အောင်မျိုးမြင့်မှ အရေးယူပေးရန်တိုင်တန်းခဲ့ရာ မြစ်ကြီးနားမြို့မရဲစခန်း(ပ)၁၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးနေစဉ် ဒဏ်ရာရရှိသူ အေးရှမ်း(ခ)အောင်ကျော်ဖြိုးသည် မြစ်ကြီးနားမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရာမှ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွား ခဲ့သောကြောင့် ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ မှ ၃၀၂/၃၂၆/၁၁၄ သို့ ပြောင်းလဲအရေးယူခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ““ရွှေဝါ၀င်း””ကဖေးနှင့်အအေးဆိုင်အတွင်း အောင်မျိုးမြင့်တို့အား
 စောင်းမြောင်းပြောဆိုခဲ့သူများမှာ အောင်ပြည့်သူ၊ သူရိန်မြင့်၊ ကတုံးနှင့် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်နေ မသီတာစန်း(၁၇)နှစ်တို့ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသည်။

မသီတာစန်းအားစစ်ဆေးချက်အရ အောင်မျိုးမြင့် တို့အား ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်သူများမှာ အောင်ပြည့်သူ၊ သူရိန်မြင့်နှင့် ကတုံးတို့(၃)ဦးဖြစ်ပြီး ရန်ပူရပ်ကွက်တွင်နေထိုင်ကြောင်းသိရှိရ၍ မြစ်ကြီးနားမြို့ရဲစခန်းမှတပ်ဖွဲ့ဝင်များက ရန်ပူရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်ပူးပေါင်း၍ ရှာဖွေဖမ်းဆီးခဲ့ရာ ၂၂-၉-၂၀၁၃ ရက်နေ့ ၀၁၃၀ အချိန်တွင် ပြစ်မှုကျူးလွန်သူ သူရိန်မြင့်(ခ)အုန်းမွှေးလုံး(၁၉)နှစ်နှင့် အောင်ပြည့်သူ(ခ)အငယ်ကောင်(၁၉)နှစ်တို့ ၂ ဦးအား ရန်ပူရပ်ကွက်၊ နယ်မြေ(၁၆)ရှိ ၎င်းတို့၏နေအိမ်မှလည်းကောင်း၊ ကျော်သူဝင်း(ခ)ကတုံး (၁၈)နှစ်အား ရန်ပူရပ်ကွက်၊ နယ်မြေ(၈)ရှိ ၎င်း၏နေအိမ်မှလည်းကောင်း အခင်းဖြစ်စဉ်ကိုင်ဆောင်ခဲ့သည့် ဓါး(၂)ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ