သင်္ဘောနှစ်စီးပွတ်တိုက်မိ၍ တစ်စီးနစ်မြုပ်

ပန်းလှိုင်မြစ်
နေပြည်တော်၊ စက်တင်ဘာ ၂၃

၂၂-၉-၂၀၁၃ ရက်နေ့ ၁၀၄၅ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရွာသစ် ကျေးရွာအနီး၊ ပန်းလှိုင်မြစ်အတွင်း ရေယာဉ်(၂)စင်းတိုက်မိနစ်မြုပ်ကြောင်းသတင်းအရ ညောင်တုန်း နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ မြောင်းမြမြို့နယ်၊ ဘုရားချောင်းကျေးရွာနေ ရေယာဉ်အုပ် ဦးတင်ငွေ(၆၂)နှစ်မောင်းနှင်ပြီး ရေယာဉ်လုပ်သား(၇)ဦး လိုက်ပါလာသည့် အလျားပေ(၆၀)၊ အနံ(၁၉)ပေ၊ အမြင့်(၉)ပေရှိ ““ဇေယျာမောင်”” တွန်းသင်္ဘော၊ သစ်သားခွံအမှတ်(၉၄၀၀)သည် စီပီတွဲအမှတ်(၁၁၈၂)နှင့်(၀၀၄)တို့အားတွဲ၍ ရန်ကုန်တိုင်းဒေသကြီးမှ ညောင်တုန်းဘက်သို့မောင်းနှင်လာစဉ် အလျား(၂၁၀)ပေ၊ အနံ(၅၀)ပေ၊ အမြင့်(၁၁)ပေရှိစီပီတွဲနှင့် သံခွံအမှတ်(၅၂၀)အား ကျောက်စရစ်(၂၇၆)တင်း တင်ဆောင်၍ မင်းလှမြို့မှ ရန်ကုန်တိုင်းဒေသကြီး ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ စိန်ပန်းရပ်ကွက်နေ ရေယာဉ်အုပ် ဦးအောင်ဆင့်(၅၉)နှစ်မောင်းနှင်ပြီး ရေယာဉ်လုပ်သား(၇)ဦးလိုက်ပါလာသည့် အလျား(၇၉)ပေ၊ အနံ(၁၇)ပေ၊ အမြင့်(၆)ပေရှိ ““သူရိန်ကျော်စိုးဝင်း(၃)””တွန်းသင်္ဘောနှင့် ပွတ်တိုက်မိ၍ ““ဇေယျာမောင်””တွန်းသင်္ဘော၏ ၀မ်းဗိုက် ကွဲပြီး ပန်းလှိုင်မြစ်အတွင်းသို့ နစ်မြုပ်သွားခဲ့သဖြင့် တန်ဘိုးငွေကျပ်သိန်း(၃၀၀)ခန့် ဆုံးရှုံးခဲ့ကာ လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရေယာဉ်များအားမဆင်မခြင်မောင်းနှင်သူ ဦးအောင်ဆင့်နှင့်ဦးတင်ငွေတို့ ၂ ဦးအား မဲဇလီနယ်မြေရဲစခန်း(ပ)၅၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ