ဇယ်တောက်ကစားကြပြီး နောက်ပြောင်ရာမှ လူသတ်မှုဖြစ်

ဇယ်တောက်ကစားပြီး နောက်ပြောင်ရာမှ အချင်းချင်း ကတ်ကြေးဖြင့် ထိုးသတ်ခဲ့မှုတစ်ခု စက်တင်ဘာ ၂၁ ရက်က လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

အဆိုပါ လူသတ်မှုမှာ လှိုင်သာယာမြို့နယ် ရွှေရင်အေး ဘုရားလမ်းထိပ်ရှိ ကွမ်းယာဆိုင်တွင် ညနေ ၄ နာရီ ၄၅ မိနစ် လောက်က ဖြစ်ပွားခဲ့သည်ဟု တိုင်းရဲဌာနက ဆိုထာ...းသည်။

ယင်းကွမ်းယာဆိုင်တွင် ကိုနာတူး (၃၅)နှစ် (၁၈)ရပ်ကွက်နေသူနှင့် တစ်ရပ်ကွက်တည်းနေသူ ကို ------ (၂၈)နှစ်တို့ ဇယ်လက်တောက်ခုံ ကစားရင်း နောက် ပြောင်ခဲ့ကြသည်ဟု ဆိုထားသည်။

ထို့သို့ နောက်ပြောင်နေကြရာမှ ကိုနာတူးအား ကို ---- က ကတ်ကြေးဖြင့် ထိုးသဖြင့် လည်ပင်းယာဘက် ထိုးသွင်း ဒဏ်ရာတစ်ချက်ရရှိကာ လှိုင်သာယာ ဆေးရုံသို့ ပို့အပ်စဉ် သေဆုံးသွားခဲ့သည်ဟု ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ သိရှိရမှုကြောင့် ကို----အား အရေးယူပေးရန် ဒု-ရဲအုပ်စန်းထွေးက တရားလိုပြုလုပ် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို သောင်ကြီးနယ်မြေ ရဲစခန်းက(ပ) ၅၇၀/၂၀၁၃ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူဟု သံသယရှိ တိုင်တန်းခံထားရသူအား လိုက်လံဖမ်းဆီးလျက်ရှိပြီး ဖမ်းဆီးစစ်ဆေး၍ ပြစ်မှုကျူးလွန်ခဲ့သည်ကို တွေ့ရှိပါက ပုဒ်မ ၃၀၂ဖြင့် တရားစွဲတင်သွားမည်ဟု တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ