တောင်ကြီး အထက နောက်မှ ရေကန်တွင် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ အထက်တန်းကျောင်း နောက်ဘက်ရှိ ရေကန်တွင် စက်တင်ဘာ ၄ရက်၊ နေ့လည် ၁၁း၀၀နာရီခန့်က ကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။

သေဆုံးသူမှာ ရှစ်တန်းကျောင်းသားဖြစ်သည့် အသက် ၁၃ နှစ်အရွယ် မောင်ခွန်ဗွေခမ်းဖြစ်ပြီး ၎င်းသည် သူငယ်ချင်းများနှင့်အတူ ကျူရှင်မှအပြန် ရေကန်တွင်ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယခုရေနစ်သေဆုံးမှုနှင့်ပတ်သတ်၍ တောင်ကြီးမြို့ခံတစ်ဦးက “ဒီကန်ဆိုတာ တစ်နှစ်တစ်ခါလောက်ကို လူသေ တတ်ပါတယ်။ ဒီတော့မိဘတွေအနေနဲ့ ကိုယ့်ကလေးငယ်ကို ဒီလိုနေရာမျိုးတွေမသွားဖို့ သွန်သင် ထားသင့် တယ်” ဟု မဇ္ဈိမကိုပြောသည်။

ယင်းရေနှစ်သေဆုံးသွားသည့် ကလေးငယ်၏ အလောင်းကို တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံတွင် ပို့ ဆောင်ထားပြီး တောင်ကြီးမြို့၊ မြို့မရဲစခန်းက သေမှုသေခင်း အမှတ် ၁၇/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း ရဲဌာနက စုံစမ်းရရှိသည်။

ဂျွန်ချစ်ငြိမ်း
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ