ဇနီးနှင့်သားဖြစ်သူတို့၏ရိုက်နှက်မှု အမှုဖွင့်

နေပြည်တော်၊ စက်တင်ဘာ ၁၂

၁၀-၉-၂၀၁၃ ရက်နေ့ ၁၅၁၀ အချိန် စေတုတ္တရာမြို့၊ အမှတ်(၂)ရပ်ကွက်၊ တောင်ခေတ္တရာရပ်နေ ဦးတင်ဆောင်(၄၅)နှစ်သည် တစ်ရပ်တည်းနေ ကိုထွာပု၏စပါးပျိုးခင်းသို့ ပျိုးနှုတ်လိုက်ခဲ့ပြီး အိမ်သို့ ပြန်ရောက်စဉ် ဇနီးဖြစ်သူ ဒေါ်ကျင်မေ(၅၄)နှစ်နှင့် စကားများသောကြောင့် အိမ်မှရပ်ကွက်ထဲသို့ ထွက်လာခဲ့သည်။ ထိုသို့ထွက်လာစဉ် ရပ်ကွက်ဓမ္မာရုံအနီးအရောက် ဇနီးဖြစ်သူမှ ဓါးမကိုင်ပြီး သားဖြစ်သူ စိုးထွန်း(၂၂)နှစ်မှ ၀ါးရင်းတုတ်ကိုင်လျက် ရောက်ရှိလာကာ ဇနီးမှဓါးနှောင့်နှင့်ထု၍ လဲကျသွားစဉ် သားဖြစ်သူမှ ၀ါးရင်းတုတ်ဖြင့်ရိုက်သဖြင့် ဦးတင်ဆောင်တွင် ဦးခေါင်းဝဲဘက်ချိုစောင်း ဖူးရောင်ပေါက်ပြဲ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ၀ဲတံတောင်ဆစ်ပေါက်ပြဲ၊ ၀ဲဒူးခေါင်းနှင့် ယာခြေကျင်းဝတ် ဖူးရောင်ဒဏ်ရာများရရှိခဲ့သောကြောင့် အရေးယူပေးရန်တိုင်တန်းခဲ့ရာ စေတုတ္တရာမြို့မရဲစခန်း (ပ)၂၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ