မိုးကြိုးပစ်ခံရ၍ သားအမိ(၂)ဦးသေဆုံး

နေပြည်တော်၊ စက်တင်ဘာ ၁၂

၁၁-၉-၂၀၁၃ ရက်နေ့ ၁၂၄၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဘင်ဂွရွာတွင် လူ ၂ ဦး မိုးကြိုးပစ်ခံရပြီးသေဆုံးကြောင်းသတင်းအရ ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ သေဆုံးသူများမှာ ၎င်းရွာနေ ဒေါ်ဝင်းမေ(ခ)ဒေါ်စိုး(၅၄)နှစ်နှင့် သားဖြစ်သူ ကျော်ဌေး(၃၇)နှစ်တို့ဖြစ်ပြီး ဒေါ်ဝင်းမေတွင် ရင်ဘတ်ညိုမဲဒဏ်ရာ၊ ကျော်ဌေးတွင် ယာနားထင်ညိုမဲ၊ ဆီးစပ်ညိုမဲဒဏ်ရာ များဖြင့်သေဆုံးနေကြောင်း တွေ့ရှိရ သဖြင့် သေဆုံးသူများအား ကျောက်ပန်းတောင်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

စုံစမ်းစစ်ဆေးချက်အရ ထိုနေ့ ၁၁၄၅ အချိန် ဒေါ်ဝင်းမေနှင့် ကျော်ဌေးတို့ ၂ ဦးသည် ဘင်ဂွရွာ အရှေ့မြောက်ဘက်ရှိယာခင်းတွင် နွားလှည်းပေါ်သို့နွားစာများတင်နေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကျောက်ပန်းတောင်းမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ