လုယက်မှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံအား ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၂

၃၁.၈.၂၀၁၃ ရက်နေ့ ၀၆၀၀အချိန်အင်းစိန်မြို့နယ်နေ မခင်စန္ဒာထွန်းသည် နေအိမ်နှင့် တွဲလျက်ဖွင့်လှစ်ထားသည့်ကုန်စုံဆိုင်နှင့်လိုင်စင်ရအရက်ဆိုင် တွင် တစ်ဦးတည်းဈေးရောင်းနေချိန် တစ်လမ်းတည်းနေ သောင်းဌေးနှင့် အမည်မသိအခြားတစ်ဦးတို့ ရောက်ရှိလာပြီး အရက်သောက်ရန်မှာသဖြင့် ထည့်ပေးစဉ် သောင်းဌေးမှ မခင်စန္ဒာထွန်းရှိနေသည့်ကောင်တာသို့ ရောက်လာပြီး လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲကြိုးအားဆွဲဖြတ်ယူကာ အသင့်ပါလာသော အရှည်(၁)ပေခန့်ရှိ သုံးမြှောင့်သံချွန်ဖြင့်ထိုးသဖြင့် ၀ဲပါးအားထိုးမိခဲ့၍ ပြတ်ရှဒဏ်ရာရရှိခဲ့ပါသည်။

မခင်စန္ဒာထွန်းမှ ပြန်လည်တွန်းဖယ်၍ ဆိုင်ရှေ့သို့ထွက်ပြေးခဲ့ရာ သောင်းဌေးမှာကောင်တာ တွင်ထားရှိသည့် ဖုန်း(၂)လုံးနှင့် ငွေကျပ်(၁၉၅၀၀)နိုက်ယူနေစဉ် မခင်စန္ဒာထွန်းမှအော်ဟစ်အကူ အညီတောင်းသဖြင့် ရာအိမ်မှူးနှင့်ပါတ်ဝန်းကျင်မှပြည်သူများ ရောက်ရှိလာပြီး သောင်းဌေးထံမှ ရွှေဆွဲကြိုးအပြတ်နှင့်ဖုန်း(၂)လုံး၊ ငွေကျပ်(၁၉၅၀၀)တို့အားပြန်တောင်းပေးခဲ့၍ရရှိချိန် သောင်းဌေး မှာထွက်ပြေးသွားခဲ့သောကြောင့် အရေးယူပေးပါရန်တိုင်တန်းခဲ့၍ အင်းစိန်မြို့မရဲစခန်း (ပ)၉၅၃ /၂၀၁၃ ၊ ပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမှုမှ တရားခံသောင်းဌေး၊ (ဘ)ဦးစံလှ၊ အပိုင်း(၄)၊ မြို့သစ်ရပ်ကွက်၊ အင်းစိန်နေသူအား ဖမ်းဆီးရမိရေးအတွက် ထွက်ပြေးတိမ်းရှောင်သွားသည့် ပဲခူးတိုင်းဒေသကြီးသို့ လိုက်လံစုံစမ်းနေစဉ် ၁၀.၉.၂၀၁၃ ရက်နေ့ ၁၆၀၅ အချိန်ခန့် ၎င်း၏နေအိမ်သို့ပြန်လည်ဝင်ရောက်လာချိန်တွင် ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့်ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ