ကမ္ဘာ့အကြီးဆုံး စိန်ဖြူ လေလံတင်ရောင်းချမည်

နယူးယောက်      စက်တင်ဘာ      ၅

ကမ္ဘာ့အကြီးဆုံးစိန်ဖြူအဖြစ် သတ်မှတ်ခံရသော စိန်တစ်လုံးကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ လေလံတင်ရောင်းချရန် ခင်းကျင်းပြသထားပြီဖြစ်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက စက်တင်ဘာ ၅ရက်တွင် သတင်းထုတ်ပြန်သည်။ အာဖရိကတိုက်မှ တူးဖော်ရရှိခဲ့ သော အဆိုပါစိန်ဖြူသည် အလေးချိန် ၁၁၈ကရက်ရှိပြီး ဘဲဥပုံသဏ္ဌာန်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးစိန်ဖြူကို တူးဖော်ရရှိခဲ့ပြီး လွန်ခဲ့ သည့်နှစ်နှစ်က သွေးခဲ့ပြီးချိန်နောက်ပိုင်း ခင်းကျင်းပြသ ခဲ့ခြင်း မရှိပေ။ ယခုအခါတွင် ယင်းစိန်ကို လေလံတင် ရောင်းချရန် ဆုသည်ဘိုင်လေလံကုမ္ပဏီ၏ မင်ဟတ်တန် (နယူးယောက်) ဌာနချုပ်က ခင်းကျင်းပြသထားသည်။ ယင်းစိန်သည် ဒေါ်လာ ၂၈သန်းမှ ဒေါ်လာ ၃၅သန်းအကြား တန်ဖိုးရှိသည်ဟု ခန့်မှန်းရသည်။

ရိုက်တာ။

သတင်း နှင့် စာနယ်ဇင်းလုပ်ငန်း

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ