အိုဇေးလ်ကို အာဆင်နယ်ထံ မရောင်းဖြစ်ရန် စပါးဥက္ကဋ္ဌ ကန့်ကွက်အရေးဆိုခဲ့

စပါးဥက္ကဋ္ဌ ဒန်နီလီဗိုင်းသည် အိုဇေးလ်အနေဖြင့် လန်ဒန်သို့ ဦးတည်နေကြောင်း သိရှိလာချိန်တွင် အဆိုပါ အပြောင်းအရွှေ့ကို တားဆီးရန် အလေးအနက် ကြိုးပမ်းခဲ့ရီးယဲလ်မက်ဒရစ် အသင်းက မီဆွတ်အိုဇေးလ်ကို အာဆင်နယ်အသင်းထံ ရောင်းချမှုကို တော့တင် ဟမ် ဟော့ စပါး အသင်းက လိုက်လံ တားဆီးရန် ကြိုးပမ်းခဲ့သေးကြောင်း သတင်းများက ဖော်ပြခဲ့သည်။

စပါးသည် ၎င်းတို့၏ တောင်ပံလူ ဂါရတ်သ်ဘေးလ်ကို ဈေးကွက်ပိတ် ရက်တွင် ရီးယဲလ်ထံသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၆)သန်းဖြင့် ရောင်းချခဲ့သည်။ ထိုနေ့တွင်ပင် ရီးယဲလ်ကလည်း ဂျာမန်လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်ကို စပါး၏ ခါးသီးမြို့ခံပြိုင်ဘက် အာဆင်နယ်ထံ စတာလင်ပေါင် (၄၂.၅)သန်းဖြင့် ပြန်လည် ရောင်းထုတ်ခဲ့သည်။ ရလဒ်အနေဖြင့် စပါးက ဈေးကွက်ပိတ်သည့်နေ့တွင် ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးကို ဆုံးရှုံးပြီး အာဆင်နယ်က ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးကို ဝယ်ယူရရှိသည့် သဘောမျိုး သက်ရောက်သွားသည်။

စပါးဥက္ကဋ္ဌ ဒန်နီလီဗိုင်းသည် အိုဇေးလ်အနေဖြင့် လန်ဒန်သို့ ဦးတည်နေကြောင်း သိရှိလာချိန်တွင် အဆိုပါ အပြောင်းအရွှေ့ကို တားဆီးရန် အလေးအနက် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ရီးယဲလ်သည် ဘေးလ်ကို ဝယ်ယူစဉ်က လီဗိုင်းအား မိမိတို့ အနေဖြင့် အိုဇေးလ်ကို ရောင်းမည် မဟုတ်ဟု ကတိခံခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း အိုဇေးလ်ကဲ့သို့ ကစားသမားကောင်း တစ်ဦးကို အာဆင်နယ်ထံ လက်လွှဲပေးမည်ဟု သတင်းကြားရချိန်တွင် လီဗိုင်းက ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ထံ ချက်ချင်း ဆက်သွယ် ကန့်ကွက်ခဲ့ကြောင်း Daily Mailက ဖော်ပြခဲ့သည်။

လီဗိုင်းအနေဖြင့် အိုဇေးလ်၏ အပြောင်းအရွှေ့သည် ရီးယဲလ်က စပါးအပေါ် ကတိကဝတ် ချိုးဖောက်မှုအဖြစ် ခံစားနေရကြောင်းလည်း သိရသည်။ စပါးနှင့် ရီးယဲလ်တို့သည် ပြီးခဲ့သည့် ရာသီကတည်းက လူကာမိုဒရစ် အရောင်းအဝယ် ကိစ္စ ဖြစ်မြောက်ခဲ့ပြီး ကလပ်အသင်း နှစ်ခုကြား အပြောင်းအရွှေ့ ကိစ္စများတွင် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ စပါးသည် ယခုနွေရာသီတွင် ပေါင်စတာလင် သန်းပေါင်း(၁၀၀)ကျော် အကုန်အကျခံကာ ကစားသမားသစ်များကို ဝယ်ယူခဲ့ပြီး ဖြစ်သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ