ခါးပိုက်နှိုက်ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၂၀

၁၉.၉.၂၀၁၃ ရက်နေ့ ၀၈၅၀ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊
အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂) မှတပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်...
ဖမ်းဆီးရမိရေးအတွက် မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ
ကားမှတ်တိုင်တွင် သတင်းစုံစမ်းနေစဉ် မှတ်တိုင်သို့ရောက်ရှိလာသော အမှတ်(၁၈၈)လိုင်း၊ ခရီးသည်တင်ယာဉ်ပေါ်မှဆင်းလာသူ ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသည့် ၀တုတ်(ခ)အောင်ကျော်စိုး (ခ)ထွန်းအောင်ကျော်(ဘ)ဦးအေးမြင့်၊ ရွှေပြည်သာမြို့နယ်နေသူအား
တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော ကျောပိုးအိတ်
အတွင်းမှ ငွေကျပ်(၉၀၀၀)အားတွေ့ရှိခဲ့ပါသည်။

အဆိုပါငွေများနှင့်ပတ်သက်၍ စစ်ဆေးရာ ယာဉ်ပေါ်ပါ အသက်(၄၅)နှစ်ခန့်ရှိအမျိုးသား(၁)ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ ၎င်း၏ကျောပိုးအိတ်ဖြင့်အကာအကွယ်ပြု၍ နှိုက်ယူရရှိခဲ့သောငွေများ
ဖြစ်ကြောင်းသိရှိရသဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၃၄၅/၂၀၁၃ ၊
ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ