ယူ-၂၃ကစားသမားအချို့ အစာအဆိပ်သင့်ခဲ့ခြင်းမရှိ


[ ညီမိုဃ်း ၊ ညီသစ်လူ ၊ ရန်ကုန် ၊ စက်တင်ဘာ ၁၉ ]

မာ ဒေးကားပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းမှ ကစားသမားအချို့ အစာအဆိပ်သင့်ခဲ့သည်ဟု သတင်း များ ထွက်ပေါ်လာခဲ့သော်လည်း မဟုတ်မှန်ကြောင်း မြန်မာယူ- ၂၃ အသင်း၏ မီဒီယာအရာရှိ ဦးစိုးမိုးကျော်ကရှင်းလင်းခဲ့သည်။မြန်မာယူ-၂၃အသင်းအနေ ဖြင့် အုပ်စုအဆင့် အဖွင့်ပွဲစဉ် ကစားပြီးခဲ့ချိန်တွင် ယင်းသတင်း များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာယူ-၂၃ အသင်း၏ မီဒီယာအရာရှိ ဦးစိုးမိုးကျော်က ''ကစားသမားတချို့ အစာအဆိပ် သင့်တယ်ဆိုတဲ့ သတင်းတွေက မဟုတ်ပါဘူး။ တကယ်တမ်းသာ ဆိုရင် ဒီသတင်းက တစ်ကမ္ဘာလုံး ကို ပြန့်သွားမှာပါ။ ကျွန်တော်တို့ လဲ အသင်းနဲ့အတူတူရှိနေခဲ့တာ ပါပဲ။ အမှန်က ကစားသမားတွေ ကို အပြင်ထွက်ခွင့်ပေးတဲ့အချိန် မှာ အစားမှားသွားတာပါ။ သူတို့ က အပြင်မှာရောင်းတဲ့ဝက်သား တုတ်ထိုးတွေစားခဲ့မိပြီး အနည်း ငယ် ဝမ်းပျက်တဲ့ရောဂါရရှိခဲ့တာ ပါ။ ဆိုးဆိုးရွားရွားကြီးမဟုတ်ပါ ဘူး''ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အုပ်ချုပ် သူ၊ နည်းပြ၊ ကစားသမားများကို တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေး မွေးရန်အတွက် တင်ဒါအောင် ထားသည့် မြန်မာနိုင်ငံစားသောက် ဆိုင် လုပ်ငန်းရှင်များအသင်းမှ ဝန်ဆောင်မှုပေးမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူတစ်ဦး က ''ဆီးဂိမ်းပြိုင်ပွဲမှာ လာရောက် ယှဉ်ပြိုင်မယ့် အားကစားသမား တွေအပါအဝင် သက်ဆိုင်ရာတာ ဝန်ရှိသူတွေကိုကျွေးမယ့်အစား အစာမှာ ဝက်သားနဲ့သက်ဆိုင်တဲ့ အစားအစာ လုံးဝမပါဝင်ပါဘူး။ ကစားသမားတွေအနေနဲ့ အစာ အဆိပ်သင့်မှုတွေ၊ ဝမ်းပျက်ဝမ်း လျှောမှုတွေမဖြစ်အောင် သားငါး ကအစ စနစ်တကျသိုလှောင်ထား ဖို့ Unilver က နည်းစနစ်တွေ အတိုင်း ဆောင်ရွက်မယ်၊ ပြည် တွင်းက ဟင်းသီးဟင်းရွက်တွေ ကိုလဲ FDA ရဲ့ စံညွှန်းအတိုင်း အသုံးပြုသွားပါမယ်''ဟု ပြော သည်။

ဆီးဂိမ်းပြိုင်ပွဲမစတင်မီ နို ဝင်ဘာ ၂၄ရက်မှစတင်၍ တည်း ခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေး ရေးကော်မတီမှ အုပ်ချုပ်သူ၊ နည်း ပြ၊ ကစားသမားစုစုပေါင်း ၃၅၀၀ အား တစ်နေ့လျှင်ငါးကြိမ်နှုန်းဖြင့် ဒီဇင်ဘာ ၂၅ရက်အထိ အာဆီယံ၊ အိန္ဒိယ(ဟာလာ)၊ တရုတ်၊ မြန်မာ အစားအစာများဖြင့် ဝန်ဆောင် မှုပေးမည်ဖြစ်ဟု သိရသည်။

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ