မွတ်ဆလင် အလှမယ် ရွေးချယ်ပွဲတွင် နိုက်ဂျီးရီးယားမယ် ဗိုလ်စွဲ

မွတ်ဆလင် အလှမယ် ရွေးချယ်ပွဲတွင် နိုက်ဂျီးရီးယားမယ် ဗိုလ်စွဲ အင်ဒိုနီးရှားတွင် မယ်ကမ္ဘာပြိုင်ပွဲ ကျင်းပမှုကို အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များက ဦးဆောင် ကန့်ကွက်နေပြီးနောက် ယခုကဲ့သို့ မွတ်ဆလင် အလှမယ် ပြိုင်ပွဲတစ်ရပ်ကိုပါ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် ကျင်းပပြုလုပ်သည့် မွတ်ဆလင် အလှမယ် ရွေးချယ်ပွဲတွင် နိုက်ဂျီးရီးယား ကိုယ်စားပြု အလှမယ်က ဗိုလ်စွဲသွားခဲ့သည်။ World Muslimah 2013 ဟု အမည်ပေးထားသည့် အလှမယ် ပြိုင်ပွဲတွင် အသက်(၂၁)နှစ်ရှိ အိုဘာဘီယီ အီရှာ အဂျာဘိုလာက ပြိုင်ဘက်များကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မွတ်ဆလင် အလှမယ် (၂၀) ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အင်ဒိုနီးရှားတွင် မယ်ကမ္ဘာပြိုင်ပွဲ ကျင်းပမှုကို အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များက ဦးဆောင် ကန့်ကွက်နေပြီးနောက် ယခုကဲ့သို့ မွတ်ဆလင် အလှမယ် ပြိုင်ပွဲတစ်ရပ်ကိုပါ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ ဘာသာရေး စည်းမျဉ်းများကို တန်ဖိုးထားပြီး မွတ်ဆလင် အမျိုးသမီးများ၏ ဖက်ရှင်ကို ဘာသာရေးနှင့်အညီ ဖော်ထုတ်ပြနိုင်ရန်ဟု ဆိုသည်။ ကမ္ဘာအရပ်ရပ်ရှိ မွတ်ဆလင် အမျိုးသမီး (၅၀၀)တို့က World Muslimahအတွက် Onlineမှတစ်ဆင့် စာရင်းပေးခဲ့ပြီး ထို့နောက်တွင်မူ ဆန်ခါတင် နောက်ဆုံးအဆင့် (၂၀)ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲတစ်ခုတွင် မွတ်ဆလင် အမျိုးသမီးများ၏ ခေါင်းခြုံလွှာကို မည်သို့အလေးထား ဝတ်ဆင်ကြောင်း နှိုင်းယှဉ်ပြောဆိုရမှုမျိုးလည်း ပါဝင်သည်။ နောက်ဆုံးအဆင့်သို့ ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ မလေးရှား၊ နိုက်ဂျီးရီးယား၊ ဘရူနိုင်းတို့ အပါအဝင် နိုင်ငံ(၂၀)မှ အလှမယ်များ တက်ရောက်ခွင့် ရရှိခဲ့ကြသည်။

နောက်ဆုံးအဆင့် ပြိုင်ပွဲမတိုင်မီ ဘာသာရေး လေ့ကျင့်မှုအဖြစ် ပြိုင်ပွဲဝင်များသည် မနက်မိုးမသောက်မီ အိပ်ရာထကာ ဝတ်ပြုခြင်း၊ ကိုရန်ကျမ်းစာကို သင်ယူခြင်းတို့အား (၃)ရက်တိုင် ပြုလုပ်ရသည်။ အနိုင်ရရှိသည့် အဂျာဘိုလာသည် အောင်နိုင်သူအဖြစ် သူမအမည်ကို ကြေညာချိန်တွင် ဝမ်းသာမျက်ရည်များ ကျခဲ့ပြီး ကျမ်းစာထဲမှ လင်္ကာတစ်ပိုဒ်ကိုပါ ရွတ်ဆိုခဲ့သည်။ သူမသည် ဆုကြေးအဖြစ် ဒေါ်လာ (၂၂၀၀)ရရှိပြီး မက္ကာနှင့် အိန္ဒိယတို့သို့ သွားရောက် လည်ပတ်ခွင့်လည်း ရရှိခဲ့သည်။ သူမက ဗိုလ်လုပွဲ မတိုင်မီ သတင်းထောက်များနှင့် တွေ့ဆုံစဉ်က "ကျွန်မက အစ္စလာမ်ဘာသာဟာ အလှတရား တစ်ခုဖြစ်ကြောင်း ကမ္ဘာကြီးကို ပြသချင်ပါတယ်"ဟု ပြောဆိုခဲ့သေးသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ