ပထွေးဖြစ်သူရိုက်နှက်၍ သုံးနှစ်ကလေးသေဆုံး

နေပြည်တော် စက်တင်ဘာ ၂

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်(သပြေ-၂) အဆောင်ရှေ့  တောအုပ်အတွင်း တရားမဝင်  နေထိုင် လျက်ရှိသော တဲစု၌ ပထွေးဖြစ်သူက  မယားပါ သားဖြစ်သူကို    ရိုက်နှက်ရာမှ သေဆုံးမှုဖြစ်ပွားကြောင်း သိရ သည်။ ဖြစ်စဉ်မှာ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ခုတင်(၁၀၀၀)ဆေးရုံကြီးမှ ဩဂုတ် ၂၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် သေဆုံးသူ  အသက် သုံးနှစ်အရွယ်    ကလေးငယ်တွင် မသင်္ကာဖွယ်ရာ ဒဏ်ရာများ တွေ့ရှိ သဖြင့် ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် လာရောက်စစ်ဆေးပါရန်  အမှတ်-၃   နယ်မြေရဲစခန်းသို့ အကြောင်းကြားသဖြင့်  စခန်းမှူး ရဲအုပ်ထွန်းထွန်းဦးနှင့်အဖွဲ့သွား ရောက်စစ်ဆေးခဲ့ရာ ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

သို့ဖြစ်၍ သေဆုံးသူမောင်ကောင်း ရာဇာ၏ မိခင် မသန်းသန်းမြင့်(ခ)အငယ်မ ဈေးရောင်းလုပ်ကိုင်သူနှင့် ပထွေးဖြစ်သူ   စိုးသူ  ဆိုင်ကယ် ကယ်ရီမောင်းနှင်သူတို့အား ခေါ်ယူ စစ်ဆေးရာ ပထွေးဖြစ်သူ ရိုက်နှက် ကိုင်ပေါက်၍   သတိ လစ်မေ့ မြောနေသော ကလေးငယ်အား အပူအပုပ်များပြီး တက်သွားသည်ဟု အကြောင်းပြ၍ ဆေးကုသမှုခံယူရန် ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌  သေဆုံး မှုဖြစ်ပွားခဲ့သည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ မိခင်မသန်းသန်းမြင့်မှ  သက်သေ လိမ်လည်ထွက်ဆိုသဖြင့်(အမှတ်-၃) နယ်မြေ ရဲစခန်း၏  သေမှုသေခင်း အမှတ် ၁/၂၀၁၃ အရ စခန်းမှူး ရဲအုပ် ထွန်းထွန်းဦးမှ  အမှုလက်ခံ စစ်ဆေးခဲ့ရာ ပထွေးဖြစ်သူ စိုးသူ၏ဝန်ခံထွက်ဆိုချက်အရလည်းကောင်း၊   မိခင်မသန်းသန်းမြင့်၏ သက်သေအမှန် ထွက်ဆိုချက်အရ  လည်းကောင်း ကလေးငယ်မှာ ဓမ္မတာအတိုင်းသေဆုံး ခြင်းမဟုတ်၍ပုဒ်မ ၃၀၂ သို့ ပြောင်း လဲ   စစ်ဆေးဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။     

(ကျော်သူရ)

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ