အနှိပ်ခန်းအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ စက်တင်ဘာ ၃

၁-၉-၂၀၁၃ ရက်နေ့ ၂၀၄၅ အချိန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရွှေမာလာရိပ်မွန်ရှိ  တရားမ၀င် အနှိပ်ခန်းဖွင့်လှစ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ၀င်ရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ဆိုင်မန်နေဂျာ ရဲဇော်ဦး(၁၉)နှစ်နှင့် ၀ါးခယ်မမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ဧည့်ကြို မောင်စန်းထက် (၁၉)နှစ်တို့အားတွေ့ရှိရပြီး အမျိုးသား ၉ ဦးအား နှိပ်ပေးနေသူ တွံတေးမြို့၊ ပြတသိုက်ကျေးရွာနေ မသော်ဇင်(၁၉)နှစ်ပါ ၉ ဦး၊ နှိပ်ရန်စောင့်နေသူ ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ ရွှေမာလာရိပ်မွန်နေ အေးမြအောင်(ခ)ပန်းအိ(၁၉)နှစ်ပါ ၆ ဦးနှင့် ကောင်တာစားပွဲ အံဆွဲအတွင်းမှ အနှိပ်သမ အမည်နှင့်ဝင်/ထွက်ချိန်များရေးမှတ်ထားသော ဗလာစာအုပ်(၁)အုပ်၊ ဘော့ပင်(၁)ချောင်း၊ ဂဏန်း ပေါင်းစက်(၁)လုံး၊ ရရှိငွေ(၃၆၃၀၀ိ/-)၊ ဧည့်စာရင်းတိုင်ကြားထားသောစာရွက် ၃ ရွက်၊ ခေါင်းအုံး ၇ လုံး၊၊ မွေ့ယာ ၇ ခုတို့အားသိမ်းဆည်းရမိခဲ့သောကြောင့် ရဲဇော်ဦးပါ(၁၇)ဦးအား ကမာရွတ်မြို့မရဲစခန်း ပြစ်မှုပုဒ်မ ၁၈၈ အရ က/ခပုံစံဖြင့် မြို့နယ်တရားရုံးသို့ဦးတိုက်လျှောက်ထားခဲ့ရာ ရာကြီးမှုအမှတ် (၄၃၂/၁၃)ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ