နေအိမ်အတွင်း ၀င်ရောက်ခိုးယူသူများအား ဖော်ထုတ်ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၁၉

၎.၉.၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန်တွင် ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက်နေ ဒေါ်ခင်မဉ္ဇူ သည် ရပ်ကွက်အတွင်း ဈေးရောင်းပြီး ၀၉၃၀ အချိန်ခန့်၌ နေအိမ်သို့ပြန်လည်ရောက်ရှိစဉ်
နေအိမ်ပြူတင်း ပေါက်မှာပွင့်နေပြီး ဘီဒိုအတွင်းထားသော ရွှေလက်ကောက်(၆)ကွင်း၊ တန်ဘိုးငွေကျပ်(၁၁၂၇၃၆၈) နှင့် အ၀တ်အထည်မျိုးစုံ၊ တန်ဘိုးငွေကျပ်(၁၂၉၃၀၀)၊ စုစုပေါင်းတန်ဘိုး
ငွေကျပ်(၁၂၅၆၆၆၈) မှာပျောက် ဆုံးနေကြောင်းတွေ့ရှိရ၍ စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် ဒလမြို့မရဲစခန်း (ပ)၃၉၂/ ၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ပြီး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဒလမြို့မရဲစခန်းမှ စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၃.၉.၂၀၁၃ ရက်နေ့တွင် ဒလမြို့နယ်နေသူများဖြစ်သည့် ပြစ်မှုကျူးလွန်သူ ငပွေး(ခ)အောင်သန်းဝင်း(ဘ)ဦးရွှေဝင်း၊ သန်းဇော်ထွန်း(ခ)မိုးအောင်(ဘ)ဦးသန်းလှိုင်၊ ဇော်မင်းထက် (ဘ)ဦးတင်မြင့်တို့(၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ၎င်းတို့(၃)ဦးအပြင် စန်းလွင်ဦး(ဘ)ဦးကျော်စိုး(စုံစမ်းဆဲ)နှင့်အတူ အခင်းဖြစ်နေ့နံနက်ပိုင်းအချိန်က ဒေါ်ခင်မဉ္ဇူ၏နေအိမ်အနီးတွင် ငါးမြှားချင်ယောင်ဆောင်၍ ၀င်ရောက်ခိုးယူခဲ့ကြပြီး ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများ ပြန်လည်
သိမ်းဆည်းခဲ့ကာ ထွက်ပြေးတိမ်းရှောင်နေသူ စန်းလွင်ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ