ညအချိန် အိမ်ကျော်နင်းသည့် ငမိုက်သား ပတ်ဝန်းကျင်မှ ၀ိုင်းဖမ်း

ရန်ကုန် ၊ ၂၀-၉-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ၊ မင်္ဂလာဒုံ မြို့နယ် ၊ ဘူတာရုံလမ်း ၊ ချစ်တီးကုန်း ရပ်ကွက်၌ စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ညီအစ်မ နှစ်ဦးတည်း နေအိမ်တွင် ရှိနေခိုက် အိမ်ကျော်နင်းမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ယင်းနေ့ည ၈ နာရီချိန် ခန့်တွင် မငြိမ်းစုစုလွင် (၂ဝ) နှစ် ၊ ဈေးရောင်း နှင့် ညီမဖြစ်သူ မခင်ကျော့ကျော့စံ (၁၄)နှစ်တို့ နှစ်ဦးသည် နေအိမ်ပေါ်၌ တီဗွီ ကြည့်နေစဉ် အမည်မသိ အမျိုးသား တစ်ဦး အိမ်ပေါ်သို့ တက်လာပြီး ကင်ဆာ ရောဂါ ကာကွယ်ဆေး ထိုးပေးမည် ဖြစ်ကြောင်း ပြောဆိုကာ မငြိမ်းစုစုလွင် အား ရာသီ တစ်လတစ်ကြိမ် လာသလား ဟု မေးမြန်းပြီး ရင်သားများ ညိုသလား ၊ မဲသလားဟု ဆက်လက် မေးမြန်းသဖြင့် မငြိမ်းစုစုလွင် မှ မသင်္ကာ ဖြစ်ပြီး ပတ်ဝန်းကျင် အား အော်ဟစ် အကူအညီ တောင်းခဲ့ရာ ၄င်းအမျိုးသား မှ မခင်ကျော့ကျော့စံ အား တွန်းလှဲပြီး ထွက်ပြေးစဉ် ပတ်ဝန်းကျင် မှ ဝိုင်းဝန်း ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညအချိန် အိမ်ကျော်နင်း သူမှာ ကျော်ကျော်ထွေး (ခ) ရှဖစ် (၃၂)နှစ် ဆိုင်ကယ် ကယ်ရီမောင်း ၊ မွတ်ဆလင် / အစ္စလာမ်၊ အမှတ်(၃၇) စကားဝါလမ်း ၊ စမ်းကြီးဝ ရပ်ကွက် ၊ မင်္ဂလာဒုံ မြို့နယ် နေသူ ဖြစ်ကြောင်း သိရှိရ၍ ကျော်ကျော်ထွေး (ခ) ရှဖစ် အား အရေးယူ ပေးရန် မငြိမ်းစုစုလွင်မှ တရားလိုပြု တိုင်းတန်းမှု အား မင်္ဂလာဒုံ မြို့မရဲစခန်းမှ (ပ) ၅ဝ၇/၁၃ ၊ ပြစ်မှုပုဒ်မ-၄၅၂ ဖြင့်အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၀န်းရံခ)

The Myawady Daily


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ