အရက်မူး၍စကားများရာမှ ဇနီးနှင့်ယောက္ခမအား ရဲဒင်းဖြင့်ခုတ်

နေပြည်တော်၊ စက်တင်ဘာ ၁

၃၁-၈-၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ အမှတ်(၂) ရပ်ကွက်နေ မမာမာအေး(၃၁)နှစ်သည် မိခင်ဖြစ်သူ ဒေါ်ပြုံးကြည်နှင့်အတူရှိနေစဉ် ခင်ပွန်းဖြစ်သူ ၀င်းအောင်(၃၁)နှစ်မှာ အရက်မူး၍ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးနှင့် စကားများရန်ဖြစ်ခဲ့သည်။ ထိုသို့ရန်ဖြစ်စဉ် ၀င်းအောင်မှ အသွား ၂ လက်မ၊ အမြင့် ၆ လက်မ၊ အရိုး ၁ ပေခွဲခန့်ရှိ ရဲဒင်းနှင့်ခုတ်၍ မမာမာအေးတွင် ၀ဲနဖူးထိပ် ၁ လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ နောက်စေ့အထက် ၂ လက်မခန့်ပြတ်ရှဒဏ်ရာ၊ နဖူးတည့်တည့် ၁ လက်မခန့်ပြတ်ရှဒဏ်ရာနှင့် ဒေါ်ပြုံးကြည်တွင် နဖူးတည့်တည့် ၁ လက်မခန့် ပြတ်ရှဒဏ်ရာများရရှိခဲ့သောကြောင့် ၀င်းအောင် အား ကံမမြို့မရဲစခန်း(ပ)၅၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ