အရက်မူးနေသူတစ်ဦး ရေတစ်ပေခွဲရှိ လယ်ကွင်းတွင် ရေနစ်သေဆုံး

ဒိုက်ဦး၊ သြဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် သပြေတန်း ကျေးရွာအုပ်စုနှင့် အင်းသဇင်ကျေးရွာအုပ်စုကြား ဆက်သွယ်ရေး တာဘေးရှိ ရေအနက် တစ်ပေခွဲခန့်ရှိ လယ်ကွင်းတွင် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီကျော်၌ အသက် ၄၀ ကျော် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း အင်းသဇင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းနောင်က ပြောကြားသည်။

အင်းသဇင်ကျေးရွာတွင် နေထိုင်သော သေဆုံးသူ ဦးမြင့်အေး (ခ) အငယ်လေးသည် ယင်းနေ့ နံနက်ပိုင်းတွင် သရက်ကံရွာသို့ ငါးရှဥ့်ရောင်း ထွက်သွားခဲ့ရာ နေ့လယ် ၁၂ နာရီခန့်က ထမင်းပြန်စား အရက်သောက်ပြီး အိမ်မှပြန်လည် ထွက်ခွာခဲ့ကြောင်း၊ ညနေ ၆ နာရီကျော်တွင် အင်းသဇင်ကျေးရွာနေသူများက လယ်ကွင်းအတွင်း လူတစ်ဦး သေဆုံးနေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ရာမှ မိသားစုဝင်များ သိရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၇/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ဒိုက်ဦးမြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ