တရုတ်ကလေးငယ် မျက်လုံးဖောက်ထုတ်ခံရမှုတွင် အဒေါ်ဖြစ်သူကို တရားခံအဖြစ် ယူဆ

သောကြာနေ့ကမူ ကလေးငယ်၏ အဒေါ်ဖြစ်သူ ဇန်ဟီရင်သည် ရေတွင်း တစ်ခုထဲ ခုန်ကျ သတ်သေသွားပြီးနောက်ပိုင်း ယင်းအမှုကို စုံစမ်းရင်း ကလေးအပေါ် အကြမ်းဖက်မှုနှင့် ဆက်နွယ်နိုင်သည့် အထောက်အထား များ တွေ့ရှိလာခဲ့တရုတ်နိုင်ငံတွင် ကလေးငယ်တစ်ဦး မျက်လုံး များ ဖောက်ထုတ်ခြင်း ခံရမှုတွင် အဓိက တရားခံသည် ကလေးငယ်၏ အဒေါ်ဖြစ်နိုင်ကြောင်း ရဲများက မှတ်ချက်ပြု ပြောကြားလိုက်သည်။

တရုတ်မီဒီယာများက ဂူဘင်ဟု အမည်ဖော်ပြသော (၆)နှစ်သား ကလေးငယ် သည် ပြီးခဲ့သည့်လက နေအိမ်မှ ဆော့ကစားရန် ထွက်ခွာသွားပြီးနောက် မျက်လုံးနှစ်လုံးစလုံး ရက်စက်စွာ ဖောက်ထုတ်မှုနှင့် ကြုံခဲ့ရသည်။ ကလေးက မိဘနှစ်ပါးကို မိမိအား အမျိုးသမီး တစ်ဦးက တိုက်ခိုက် ခဲ့ကြောင်း ပြန်လည် ပြောဆိုခဲ့ပြီး အစောပိုင်းက ဂူဘင့်ကို ရက်စက်ကြမ်း တမ်းစွာ ပြုမူခဲ့သူသည် လူ့ခန္ဓာကိုယ် အစိတ်အပိုင်း မှောင်ခိုရောင်းဝယ်သူ တစ်ဦး၏ လက်ချက်ဟု ရဲများက ယူဆခဲ့ကြသည်။

သို့သော်လည်း သောကြာနေ့ကမူ ကလေးငယ်၏ အဒေါ်ဖြစ်သူ ဇန်ဟီရင်သည် ရေတွင်း တစ်ခုထဲ ခုန်ကျ သတ်သေသွားပြီးနောက်ပိုင်း ယင်းအမှုကို စုံစမ်းရင်း ကလေးအပေါ် အကြမ်းဖက်မှုနှင့် ဆက်နွယ်နိုင်သည့် အထောက်အထားများ တွေ့ရှိလာခဲ့သည်။

Xinhua သတင်းဌာနက ရဲတပ်ဖွဲ့သည် မိမိကိုယ်ကိုယ် သေကြောင်းကြံမှုကို စုံစမ်းရင်း ဇန်၏ အဝတ်အစားများတွင် သွေးများ စွန်းပေနေသည်ကို တွေ့ ရှိခဲ့ရ၍ ဆက်လက်စစ်ဆေးရာ ကလေးငယ်ထံမှ သွေးများ ဖြစ်နေ သည်ကို တွေ့ရှိခဲ့ရသည်။ ဂူဘင်လေးကို ရှာဖွေတွေ့ရှိချိန်တွင် မျက်လုံးဟောက်ပက် သွေးအလိမ်းလိမ်းနှင့် ရှိနေခဲ့ပြီး ယခုအခါတွင်မူ ၎င်းသည် ဆေးရုံ၌ အခြေအနေ တည်ငြိမ် ကောင်းမွန်စ ပြုနေပြီဟု သိရသည်။ ရှန်ဇီရှိ ဖန်ဇီတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုသည် ဩဂုတ်လ (၂၄)ရက်နေ့က ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကလေးပျောက်၍ လိုက်ရှာနေသည့် ဂူဘင်၏ မိဘများသည် သားဖြစ်သူကို ဒုက္ခိတ ဘဝဖြင့် ကြေကွဲဖွယ်ရာ ပြန်လည် တွေ့ရှိခဲ့သည်။

၎င်းသည် အမည်မသိ အမျိုးသမီး တစ်ဦး၏ သွေးဆောင်ခေါ်ယူပြီးမှ တိုက်ခိုက်မှုနှင့် ကြုံခဲ့ရခြင်းဟု ရဲများက သိရှိရသော်လည်း တရားခံကို လိုက်လံ ရှာဖွေရာတွင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်း မှောင်ခိုဂိုဏ်းများကို အဓိက ဦးတည်ခဲ့ကြသည်။ အထူးသဖြင့် ကလေး၏ မျက်လုံးနှစ်လုံးမှာ အခင်းဖြစ်ရာ နေရာတွင် ရှိနေခဲ့သော်လည်း မျက်ကြည်လွှာများ ပျောက် ဆုံးနေခဲ့ခြင်းကြောင့် ယင်းမှောင်ခိုဂိုဏ်းများ လက်ချက်ဟု ယူဆခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အခင်းဖြစ်သည့် နေရာနှင့် မလှမ်းမကမ်း၌ မျက်ကြည်လွှာ များကို ပြန်လည် တွေ့ရှိပြီးနောက် အမှုမှာ ပိုမို ရှုပ်ထွေးသွားသည်။

ကလေး၏ မိခင်က သေကြောင်းကြံသွားသည့် ညီအစ်မ ဖြစ်သူနှင့် မိသားစုကြား မည်သည့် ပြဿနာမျှ မရှိခဲ့ဟုလည်း ဆိုသည်။ "အဖိုးကို စောင့်ရှောက်တဲ့ ကိစ္စကြောင့် ဇန်နဲ့ ကျွန်မတို့ကြားမှာ ငြင်းခုန် ရန်ဖြစ်ခဲ့တယ်လို့ တချို့က ပြောဆိုနေတာ ကြားမိတယ်။ ဒါပေမဲ့ အဲဒါက လိမ်ညာတာ သက်သက်ပါပဲ"ဟု သူမက ဆိုသည်။ ရဲတပ်ဖွဲ့သည် အမှုနှင့် ပတ်သက်သည့် ကွင်းဆက်များကို ဆက်လံ ခြေရာခံ ရှာဖွေနေဆဲ ဖြစ်သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ