မိုးကြိုးထိမှန်၍ လင်မယားနှစ်ဦးသေဆုံး

နေပြည်တော်၊ စက်တင်ဘာ ၂၁

၂၀-၉-၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ တောင်အင်း ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၅၄)ရှိလယ်တဲအား မိုးကြိုးပစ်ခဲ့ရာ လယ်စောင့်ရင်းအိပ်ပျော်နေသော မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာ၊ ရန်အောင်ရပ်ကွက်နေ သိန်းစိုး(၂၇)နှစ်တွင် ၀ဲဘက်လက်ပြင်/ ပါးစပ်ညိုမဲဒဏ်ရာနှင့် ဇနီးဖြစ်သူ မအေးအေးဖြိုး(၁၉)နှစ် တွင် ရင်ဘတ်/ပါးစပ်ညိုမဲဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ပြီး လယ်တဲအနီးရှိ နွားထီး တစ်ကောင်လည်း မိုးကြိုးထိမှန် သေဆုံးခဲ့သည်။ စုံစမ်းချက်အရ မအေးအေးဖြိုးတွင် ကိုယ်ဝန်(၉)လခန့် ရှိကြောင်း သိရှိရပြီး သေဆုံးသူများ၏ အလောင်းအား မိုးညှင်းဆေးရုံသို့ ပို့ဆောင်ထားရှိကာ ဖြစ်စဉ်နှင့်ပတ်သက်၍ နမ္မားနယ်မြေရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ်(၂/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ