မြန်မာခေတ်ပြိုင် အနုပညာဒီဗွီဒီ မဂ္ဂဇင်း ၂၀၁၃အခမဲ့ ဖြန့်ဝေမည်

မြန်မာခေတ်ပြိုင် ပန်းချီအနုပညာရှင်များ၏ လက်ရာများနှင့် ယင်းတို့အပေါ် မည်သို့ဖန်တီးထားသည်ကို တွေ့ဆုံမေးမြန်းထားသည့် အနုပညာရှင်များ၏ အင်တာဗျူးများ ပါဝင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော မြန်မာခေတ်ပြိုင် အနုပညာဒီဗွီဒီ မဂ္ဂဇင်း၊ အတွဲ (၁) ၂၀၁၃ကို စက်တင်ဘာ ၂၈ရက်တွင် မိတ်ဆက်အခမ်းအနား ပြုလုပ်မည့် လောကနတ် ပန်းချီပြခန်း၌ အခမဲ့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ယင်းဒီဗွီဒီအခွေကို စီစဉ်သူ ပန်းချီအောင်မြတ်ဌေးမှ ပြောကြားသည်ဟု သိရသည်။

၎င်းဒီဗွီဒီတွင် မြန်မာခေတ်ပြိုင် အနုပညာရှင် ၂၀ဦး၏ လက်ရာနှင့် တွေ့ဆုံမေးမြန်းချက်များ ပါဝင်မည်ဖြစ်ပြီး ယင်းတို့အထဲတွင် အင်စတော်လေးရှင်း၊ ဗီဒီယိုအတ်၊ ပါမောမန့်၊ ပန်းချီကား၊ ပန်းပုတို့ ပါရှိမည်ဟု ဆိုသည်။

“ဒီအခွေကို ၂၀၁၁ခုနှစ် ကုန်ပိုင်းလောက်ကတည်းက စလုပ်ဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံက ခေတ်ပြိုင်အနုပညာရှင်တွေရဲ့ လက်ရာတွေကို အများပြည်သူတွေ လက်ထဲရောက်အောင် ပို့ဆောင်ပေးချင်လို့ပါပဲ။ ဒီလို ဒီဗွီဒီလေးတစ်ချပ်တည်းနဲ့ အခုလို အနုပညာရှင် အယောက် ၂၀ရဲ့လက်ရာတွေကို တစ်စုတစည်းတည်း တွေ့ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒီဗွီဒီထဲမှာ ထူးခြားတာတစ်ခုက အရင်ဆင်ဆာခေတ်တုန်းက ပြသခွင့် မရရှိခဲ့တဲ့ ခေတ်ပြိုင် အနုပညာလက်ရာ တစ်ချို့ ပါဝင်တာပါ”ဟု စီစဉ်သူ ပန်းချီဆရာအောင်မြတ်ဌေးက ရှင်းပြသည်။

ယင်းအနုပညာ ဒီဗွီဒီတွင် အောင်မြင့်၊ အေးကို၊ ချောအိသိမ်း၊ ဟိန်းသစ်၊ ကောင်းဆု၊ မအိ၊ မင်းသိမ်းစွန်၊ MSO (မောင်စန်းဦး)၊ NSC (ငြိမ်းချမ်းဆု)၊ နိုရာ၊ ဖြိုးကြည်၊ ဖြူမွန်၊ ပိုပို၊ စူးမြင့်သိန်း၊ သီတာ၊ ထွန်းဝင်းအောင်၊ ဝါနု၊ ဝေမာညွန့်၊ ရတနာ၊ ဇာမင်းထိုက်တို့၏ ခေတ်ပြိုင် အနုပညာလက်ရာများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ အနုပညာဒီဗွီဒီ မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၈ရက် ညနေ ၃နာရီခွဲမှ ၅နာရီခွဲအထိ လောကနတ်ပန်းချီပြခန်း၌ ပြုလုပ်သွားမည်ဟု ဆိုသည်။

Myanmar ICT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ