မန်ယူနှင့် ပွဲမှာ ပြန်လည် ပါဝင်လာမည့် ဆွာရက်ဇ်

လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်သည် ယမန်နှစ် ရာသီက ချဲလ်ဆီး နောက်ခံလူ အိုင်ဗန်နိုဗစ်ကို ကိုက်မှုဖြင့် ၁၀ ပွဲပယ်ခံရသော ပြစ်ဒဏ် ပြည့်ပြီ ဖြစ်၍ မနက်ဖြန် မန်ယူ အသင်းနှင့် အ...ဝေးကွင်း Capital One ပွဲစဉ်တွင် အသင်းအတွက် ယခု ရာသီ ပထမဆုံး ပြန်လည် ပါဝင်မည် ဖြစ်သည်။

ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်သည် လီဗာပူး အသင်းအတွက် ရက်ပေါင်း ၁၅၅ ရက် အထိ ကစားပေးနိုင်ခြင်း မရှိခဲ့တဲ့ ပွဲပယ်ခံထားရသူ ဖြစ်သည်။ ယခုလို အဓိက တိုက်စစ်မှူး ဆွာရက်ဇ် ပြန်လည် ပါဝင်လာမည် ဖြစ်ခြင်းနှင့် ပတ်သက်၍ နည်းပြ ဘရန်ဒန်ရော်ဂျာက လီဗာပူး အသင်းအတွက် ဆွာရက်ဇ် ပြန်လည် ပါဝင်လာခြင်းသည် အကောင်းဆုံး အားဖြည့်မှု တစ်ခုပင် ဖြစ်ကြောင်းနှင့် ဆွာရက်ဇ် အနေဖြင့် ယခုလို အသင်းအတွက် ပြန်ကစားခွင့်ကို မစောင့်နိုင်ဖြစ်နေမှာ သေချာကြောင်း၊ သူဟာ လေ့ကျင့်ရေး ကွင်းမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေပြီး ယခုလို သူပါဝင်ခွင့် ပြန်ရလာခြင်းကလည်း ဒဏ်ရာ ပြဿနာများ ရှိနေသည့် မိမိတို့ အသင်း အတွက် အထောက်အကူ ဖြစ်စေကြောင်း ဆိုသည်။

Yatanarpon Call Center

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ