ကလေးအသားစားမည့်အကြံဖြင့် မြေအောက်လူသတ်ခန်း ဆောက်ထားသည့် ဗြိတိန်နိုင်ငံသားကို အမေရိကန်တွင် ထောင် ၂၇ နှစ်ချ

ကလေးငယ်တစ်ဦးဦးကိုပြန်ပေးဆွဲရန်၊ ညှဉ်းပန်းနှိပ်စက်ရန်၊ သတ်ဖြတ်၍ အသားစားရန် အကြံအစည်ဖြင့် မြေအောက်အသံလုံ လူသတ်ခန်းဆောက်ထားသူ ဗြိတိန်နိုင်ငံသား တစ်ဦးကို ၄င်းကိုယ်တိုင် ဝန်ခံခြင်းကြောင့် အမေရိကန်တွင် ထောင်ဒဏ် ၂၇ နှစ်နီးပါး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ရိုက်တာသတင်း၌ စက်တင်ဘာ ၁၇ ရက်က ဖော်ပြသည်။

ဗြိတိန်နိုင်ငံသား အသက် ၄ဝ အရွယ်ရှိ ဂျီအိုဖရေးပေါ့ဝေးဆိုသူသည် မက်ဆာချူးဆက်ပြည်နယ်ရှိ ၎င်း၏ နေအိမ်အတွင်း ကလေးငယ်အနည်း ဆုံးတစ်ဦးဦးကို ပြန်ပေးဆွဲရန်၊ညှဉ်းပန်း နှိပ်စက်ရန်နှင့် သတ်ဖြတ်စားသောက်ရန် အကြံအစည်ဖြင့် အသံလုံမြေတိုက်ခန်းအား တည်ဆောက်ထားသည်။ ယင်းသို့ လုပ်ဆောင်ရန် အစီအစဉ်ကိုလည်း တရားရုံးတွင် မေလအတွင်းက လျှောက်လဲချက် ပေးခဲ့ပြီးဖြစ်ရာ ၎င်းအား ထောင်ဒဏ် ၂၇ နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ပေါ့ဝေး၏အိမ်အတွင်း အသံလုံမြေတိုက်ခန်း၊ ကလေးငယ်များအရွယ် လက်လုပ် ခေါင်းတလား၊ စတီးလ်လှောင်အိမ်၊ စတီးလ်ကွပ်စားပွဲ၊သားသတ်ပစ္စည်းအသုံး အဆောင်များနှင့် လက်ထိပ်ခြေထိပ် စသည့် အချုပ်အနှောင်ပစ္စည်းပစ္စယများကို ကလေးသူငယ်များအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းများ စုံစမ်းရေး ပြည်နယ်ထောက်လှမ်းရေးများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းပြင် ပေါ့ဝေး၏ ကွန်ပျူတာတွင် ကလေးသူငယ်လိင်ညစ်ညမ်းပုံ များလေးထောင် ကျော်ထက်မနည်းကိုလည်း တွေ့ရှိခဲ့သည်။ ''ဒီအမှုကတော့ ကာလကြာစစ်ဆေးစီရင်ရပြီး ကြီးလေးတဲ့အပြစ် ဒဏ်လည်းဖြစ်ပါတယ်။ ပေါ့ဝေးက ကလေးသူငယ်တွေအပေါ်မှာ ပြစ်ဒဏ်မြောက်အောင် ကျူးလွန်မထားရသေး ပေမယ့်တကယ့်ကိုကြောက်စရာ အကြံအစည်ကို ကြံစည်နေတာပဲဖြစ်လို့ခုလို ပြစ်ဒဏ်ချမှတ်လိုက်တာကို ကျေကျေနပ်နပ်ကို ရှိပါတယ်''ဟု ရှေ့နေတစ်ဦးက တရားရုံးအပြင်ဘက်တွင် ပြောကြားခဲ့သည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ