အိမ်ကွင်းမှာ ဘေဆယ်အသင်းကို ရမှတ် (၃) မှတ်ပေးလိုက်ရသည့် ချဲလ်ဆီး

မော်ရင်ဟို ရဲ့ချဲလ်ဆီးအသင်းအနေဖြင့် ချန်ပီယံလိပ် အုပ်စု (E) ၏ ပထမပွဲစဉ်အဖြစ် ဘေဆယ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ပါတယ်။ ဒီနေ့မှာတော့ အသင်းခေါင်းဆောင် လမ်းပတ်၊ အော်စကာ၊ ဟာဇက်၊ ဟာဟေး၊ ၀ီလီယန်၊ ဂျင်ကယ်၊ လူးဝစ်၊ အာရှလေကိုးလ်၊ အီုဗန်နိုပစ်၊ ပီတာချက်၊ အီတိုးး အစရှိတဲ့ကစားသမားများဖြင့် ချဲလ်ဆီးအနေနဲ့ ပွဲထွက်လာပါတယ်။ ပထမပိုင်းအစမှာ ဂိုးရရှိရေး အစွမ်းကုန် ကြိုးစားကစားခဲ့သော်လည်း တဖက်နောက်တန်းတွေကို လွယ်လွယ်နဲ့ မကျော်ဖြတ်နိုင်ခဲ့ကြပါဘူး။ အထူးသဖြင့် လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ၀ီလီယန် နှင့် ဂျင်ကယ်တို့ အပျက်များနေသလိုဖြစ်နေခဲ့ပါတယ်။ ၂၆ မှာ ဟာဇက် ဂိုးရှေ့  ဘီးကုတ်ကနေ အီတိုးခင်းပေးတဲ့ ဘောလုံးကို ဆွဲထုတ်ပြီး ကန်သွင်းပေမဲ့ အပေါ်ထောင်သွားပါတယ်။ ၂၉မှာမှာ ဘေဆယ်အသင်းဘက်ကလည်း တိုက်စစ်မှုး ဆလန်က တောင်ပံကနေ ဆွဲပြေးကာ ကန်သွင်းပေမဲ့ ဟာဇက်အတိုင်းဘဲ အပေါ်ထောင်သွားခဲ့ရပြန်တယ်။

ဒီနေ့မှာတော့ Goal.com ၏ dream team ထဲမှာပါထားတဲ့ အော်စကာ နှင့် အရှလေကိုးလ်တို့ အစွမ်းပြကစားနိုင်တာကို မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးအသင်း အနေနဲ့ တရစပ်တိုက်စစ်ဆင်မှုတွေရှိပေမဲ့ ထောင့်ကန်ဘောအနေအထားတွေ ဖြစ်ဖြစ်နေပါတယ်။ ၃၃ မိနစ်အထိ ချဲလ်ဆီးမှ ထောင့်ကန်ဘော ၆ လုံးထိကန်ခဲ့ရပြီး ဧည့်သည်အသင်းကတော့ တဂိုးမှ ကန်ခွင့်မရသေးပါဘူး။ ၄၁ မိနစ်မှာ ချဲလ်ဆီးလ်လူငယ်ကစားသမား ဂျင်ကယ် က ဆွဲပြေးလာတဲ့ ဘေဆယ်ရှေ့ တန်းလူကို ဖျက်ထုတ်တာ ကြမ်းတယ်ဆိုပြီး တ၀ါပြခံရပါတယ်။ ပထမပိုင်းပွဲပြီးခါနီး စက္ကန့်ပိုင်းအလိုမှာတော့ ချဲလ်ဆီး၏ အမာခံနောက်ခံ လူးဝစ်မှ ကွင်းလယ်ထိဆွဲလာကာ ရှေ့ မှာရှိတဲ့ လမ်းပတ်ကိုချပေးခဲ့ပြီး လမ်းပတ်ကနေ ရှေ့ မှာရှိတဲ့ အော်စကာကို မျောထိုးပေးခဲ့ပါတယ်။ လမ်းပတ်မှ အသာအယာချပေးတဲ့ ဘောလုံးကို အော်စကာအနေဖြင့် ဂိုးညာထောင့်ကို အပြင်းကန်ထည့်လိုက်နိုင်တဲ့ အတွက် ချဲလ်ဆီးအတွက် ဗွေဆော်ဦး ဂိုးကိုရယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဘေဆယ်အနေဖြင့် ချေပဂိုးရရှိရေးအတွက် ပြန်လည် ဖိကစားလာတာကို မြင်တွေ့ရပါတယ်။ ၅၅ မိနစ်မှာ အော်စကာအဝေးကနေ ကန်သွင်းတဲ့ ကန်ချက် ဂိုးဘားထိခဲ့လို့ ချဲလ်ဆီးအနေဖြင့် နစ်နာခဲံ့ရပါသေးတယ်။ ၆၁ မိနစ်မှာ အော်စကာခင်းပေးတဲ့ ဘောလုံးကို အပိုင်ကန်ခွင့်ရပေမည့်လည်း ဟာဇက်တစ်ယောက် အပေါ်ထောင်သွားပြန်ပါတယ်။ ဒုတိယပိုင်းမှာ ချဲလ်ဆီး ညာတောင်ပံကစားသမား ၀ီလီယံ၏ ဖြတ်တင်ဘောများနှင့် ဘေဆယ်အသင်းကို ချိန်းခြောက်နိုင်ခဲ့ပါတယ်။ ၆၆ မိနစ်မှာ ၀ီလီယံအစား မာတာကို လှဲကစားကာ တိုက်စစ်အရှိန်ကို မြှင့်ခဲ့ပါတယ်။ ဘေဆယ်အသင်း၏ ရှေ့ တန်း ညာစွန်လူ ဆလန် က ၇၀ မိနစ်မှာ ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပီတာချက်၏ ညာထောင့်ကို လှမ်းပြီး အလှအပကန်ထည့်သွားခဲ့တာပဲ ဖြစ်ပါတယ်။

၇၅ မိနစ် မှာ လမ်းပတ်နေရာမှာ တိုက်စစ်မှုး ဘ နှင့် ဂျင်ကယ်နေရာကို မီခေးလ်အား ထည့်သွင်းကာ ကစားကွက်ပြောင်းလဲခဲ့ပြီး အနိုင်ဂိုးရရှိအောင် ကြိုးစားခဲ့ပါတယ်။ မိနစ် ၈၀မှာတော့ဘေဆယ်အသင်းက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ကာ အနိုင်ဂိုး သွင်းယူလိုက်နိုင်ခဲ့ပါတယ်။ ဂိုးသွင်းပြီးနောက်ပိုင်းမှာ လူစားလဲမှုတွေ ပြုလုပ်ပြီး ဘေဆယ်အသင်းအနေဖြင့် ခံစစ်ကို အဓိကထား ကစားခဲ့ပါတယ်။

နာကျင်အချိန်ပို (၄) မိနစ်အထိ ကစားခရဲ့ပြီး ပွဲပြီးခါနီးမှာ ချဲလ်ဆီးအနေဖြင့် အိမ်ကွင်းမှာ အမှတ်ခပေးရရေး အစွမ်းကုန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ ပွဲအပြီးမှာ ဘေဆယ်အသင်းက ၂ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင် (၃) မှတ် ရယူသွားနိုင်ခဲ့ပါသည်။ ယခုအရှုံးရလဒ်တွေကြောင့် ချဲလ်ဆီးအနေဖြင့် အုပ်စုမှာ အောင်မြင်နိုင်ရေးအတွက် နောက်ပွဲတွေမှာ အနိုင်ရလဒ်များ ရရှိအောင် စွမ်းဆောင်ရတော့မည် ဖြစ်သလို နည်းပြမော်ရင်ဟိုအနေဖြင့်လည်း ဖိအားအနည်းငယ် ၀င်သွားခဲ့ရပြီ ဖြစ်ပါသည်။

Football-Cafe'

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ